BOOK DETAILS

မီ

Language : မြန်မာ
File Info :  

azw3, epub, kfx


ဝတ္ထုထဲက ‘မီ’ ဇာတ်ကောင်ဟာ စာဖတ်သူကို အခြားသော ဝတ္ထုတွေထဲက ဇာတ်ကောင်တွေထက် အမြင့်မားဆုံး စိတ်လှုပ်ရှားမှုကို ပေးတယ်။ ပါးစပ်အဟောင်းသားနဲ့ အံ့သြမင်သက်မိစေတယ်။ ဝတ္ထုထဲက ယောက်ျားတိုင်းနဲ့ ပတ်သက်နေတဲ့ မီ့အပေါ် စာဖတ်သူရဲ့ အမြင်ဟာ အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေတယ်။ မီ က သိပ်ဆိုးသလား။ ဒါမှမဟုတ် သိပ်ကို လိမ္မာပါးနပ်လွန်းနေတာလား။ မီ ရဲ့ စိတ်ထဲကို ဝင်ကြည့်ဖို့ ကြိုးစားလေလေ၊ မီ ကို နားလည်ရ ခက်လေလေ။ မီ ကို ရှာဖွေဖို့ ကြိုးစားလေလေ၊ မီ ဟာ တစထက်တစ ပျောက်ဆုံးသွားလေလေပဲ။ ဝတ္ထုအဖွင့်ကစလို့ ဝတ္ထုအနားသတ် ဒိုင်ယာလော့ဂ်အထိ ‘မီ’ ဟာ စာဖတ်သူကို အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိတဲ့ အထူးခြားဆုံး ဇာတ်ကောင် တစ်ဦးပဲ။ သူပါတဲ့ ခပ်ပါးပါး ဒီဝတ္ထုလေးဟာ စာဖတ်သူကို ဖမ်းစားထားနိုင်ပုံက တစ်ပတ်။ မဟုတ်ဘူး တစ်လ။ ဒါမှမဟုတ် ဆယ်နှစ်လဲ ဖြစ်ချင်ဖြစ်မယ်။ တစ်သက်လုံးလဲ ဖြစ်သွားနိုင်တယ်။ ဘယ်အချိန်ဖတ်ဖတ် မီဟာ ဟောင်းနွမ်းသွားတယ်ရယ်လို့ မရှိတာကို တွေ့ရလိမ့်မယ်။ မီ နဲ့ တစ်ခေါက် ထိတွေ့လိုက်တိုင်း မီ ဟာ ခင်ဗျားကို ပုံစံတစ်မျိုးနဲ့ ညှို့ယူထားလိမ့်မယ်။ မီ က ညှို့ထားတာလား။ မီ ကို ပုံစံအမျိုးမျိုးနဲ့ ဝိုင်းဝန်း အနက်ပြန်နေတဲ့ ယောက်ျားတွေက စိတ်ဝင်စားဖို့ ကောင်းနေတာလား။ သေချာတာကတော့ ‘မီ’ ဝတ္ထုကို ဖွင့်လိုက်တိုင်းမှာ သင်ဟာ စာဖတ်သူ အဖြစ်ကနေ ပျောက်ဆုံးသွားပါလိမ့်မယ်။

About Author

ကြည်အေး
5 Books

၁၉၂၉ ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းရပ်၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ဦးဟန် နှင့် ဒေါ်ငွေယုန်တို့ဖြစ်၍ ကုန်သည်လုပ်ငန်းလုပ်ကိုင်ကြသည်။ အမည်ရင်းမှာ မကြည်ကြည်တင်မြင့်(ခေါ်) ဒေါ်သောင်းကြည် ဖြစ်သည်။ ကြည်အေး၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမ ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) ၂၀၀၃ ဒုကြိမ် နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

0 Reviews