BOOK DETAILS

နေဝင်ဘုရင်များ

Language : မြန်မာ
File Info :  azw3

About Author

ကျော်အောင်
1 Book

စာရေးဆရာ ကျော်အောင် ကို ၏ပခုက္ကူမြို့ ပေါင်းလောင်းရှင်ရပ် အဖ ဒိစတြိတ်ကောင်စီ အတွင်းရေးမှူး ဦးကြင်မောင်၊ အမိ ဒေါ်တင်မြင့်တို့က ၁၉၂၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက် တနင်္ဂနွေနေ့ (မူကွဲ - ၁၉၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈)တွင် မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိသည့်အနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင် ဖြစ်သည်။ ၁၉၄၅ ခု နှောင်းပိုင်းတွင် သုံးဆယ်မြို့၌ ဓူဝံစာစောင် ထုတ်ဝေပြီး ကလောင်မွေးခဲ့သည်။ ၁၉၄၇ (မူကွဲ ၁၉၄၆) တွင် ပြည်သူ့ရဲဘော် ဂျာနယ်၌ စာစတင်ရေးသည်။ ပင်ကိုရေးဝတ္ထုများတွင် 'ကြွေကြွေကာနွမ်းလေပြီကွယ်' (၁၉၅၄)၊'အနီထဲက ကြယ်ဖြူပွင့် ' (၁၉၆၄)၊ 'လူ့သမိုင်း' (၁၉၆၅)၊ 'သမဂ္ဂအလံတော် အောက်ဝယ်' (၁၉၆၉)၊'နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း' (၁၉၆၉)၊ 'အရေးကြီးပြီ သွေးစည်းကြစို့' (၁၉၇၁)၊ 'အမှောင်ခေတ်က ချစ်သူများ' (၁၉၇၃)၊ 'အကောင်းမြင်သမား'၊ ' နှလုံးလှ ဆရာဝန်' (၁၉၆၅)၊ 'တောရိုင်းမြေ' (၁၉၆၅/၆၇)၊ 'ဆမ်းမားဆက်မွန်၏ ဝတ္ထုတိုများ'၊ 'ချက်ကော့၏ သတို့သမီးနှင့် အခြားဝတ္ထုတိုများ'၊ 'အိုဂျေရုဆလင်'၊ 'ကူလီ'(၁၉၅၄) ၊ 'မက်ဝါဒလမ်းညွှန့်' (၁၉၆၄) ၊ 'နေဝင်ဘုရင်များ ' (၁၉၉၈) တို့သည် လည်းကောင်း ထင်ရှားသည်။ ' တောရိုင်းမြေ 'စာအုပ်သည် (၁၉၆၇)အမျိုးသားစာပေဆု(ဘာသာပြန်)ကို လည်းကောင်း ၊'အိုဂျေရုဆလင်' စာအုပ်သည် ၁၉၅၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ) ကိုလည်းကောင်း ရရှိခဲ့သည်။ ကျော်အောင်သည် ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ပေးအပ်ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ဒုတိယအဆင့်) ကိုရရှိခဲ့သည်။ ထို့နောက် အမျိုးသားစာပေဆု လေးကြိမ်နှင့် ၁၉၉၉ အရှေ့တောင်အာရှ စာပေဆုရရှိခဲ့သော စာရေးဆရာကျော်အောင်သည် ၁၃-၂-၂၀ဝ၀ ပြည့်နှစ်၊ ညနေ (၄)နာရီ တွင် ကွယ်လွန်သည်။

0 Reviews