BOOK DETAILS

ပန်းတွေနဲ့ဝေ

Language : မြန်မာ
File Info :  epub, fx

About Author

မောင်ဝဏ္ဏ
1 Book

မောင်ဝဏ္ဏသည် မြန်မာနိုင်ငံရှိ အကယ်ဒမီ ထူးချွန်ဆု နှစ်ဆု ဆွတ်ခူးရရှိထားသော ရုပ်ရှင် ဒါရိုက်တာဖြစ်ပြီး စာရေးဆရာလည်း ဖြစ်သည်။ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု ၏ သားကြီး၊ စာရေးဆရာ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ သုမောင် ၊ သရုပ်ဆောင် ရူပ၊ စာရေးဆရာ မင်းလူ နှင့် ဒါရိုက်တာ အာယု တို့၏ အစ်ကိုကြီးလည်း ဖြစ်သည်။ဒါရိုက်တာမောင်ဝဏ္ဏ ကို ၁၉၄၇ခုနှစ်၊ ဇန်နဝါရီလ၊ ၁၉ ရက်နေ့က အဖ စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိဒေါ် ခင်ညိုတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း လေးယောက်အနက် အကြီးဆုံးသားဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်း(ယခု အ.ထ.က(၆)ဗိုလ်တထောင်)၌ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး စည်သူပညာရိပ်သာ ရန်ကင်းအထက်တန်းကျောင်းတွင်လည်း ပညာသင်ယူခဲ့ကာ မက်ဒရစ်တန်းကို အပြင်ဖြေအနေဖြင့် အောင်မြင်ခဲ့ပါသည်။ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဒဿနိကဗေဒဘာသာရပ် အဓိကဖြင့် ဘွဲ့ရရှိခဲ့ပါသည်။စာပေရေးသားမှု အနေဖြင့် ၁၉၇၂ ခုနှစ်တွင် စတင်ခဲ့ပြီး ရှုမဝမဂ္ဂဇင်း၌ ရေးသားခဲ့သော 'စိမ်းမိ၊ ငြိမ်း၊ ကျွန်တော်' ဝတ္ထုဖြင့် စာပေလောကအတွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်အချိန်တွင် အကျော်ကြားဆုံးဝတ္ထုတစ် ပုဒ်ဖြစ်လာမည့် 'ပန်းတွေနဲ့ဝေ' ဝတ္ထုကို ရေးသားခဲ့ပြီး ၁၉၇၆ခုနှစ်၌ ရုပ်ရှင်ဖြစ်လာခဲ့သည်။ ထို့အတူ ၁၉၇၇ ခုနှစ်တွင် ကိုယ်တိုင်ရေးသားပြီး ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့သော 'ချစ်တဲ့သူငယ်လေ' စာအုပ်ထွက်ရှိခဲ့ပါ သည်။ ၁၉၇၉ ခုနှစ်အချိန်တွင် 'အိပ်မက်စိမ်း' လုံးချင်းဝတ္ထု၊ ၁၉၈ဝပြည့် နှစ်တွင် 'တက္ကသိုလ်လွမ်းချင်း' ဝတ္ထု များထွက်ရှိခဲ့ပါသည်။ ၁၉၈ဝပြည့်နှစ် အချိန်မှာပင် ငြိမ်းကျော်နှင့်တွဲဖက်ပြီး 'ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည်' ဝတ္ထုရှည်ကို ရေးသားထုတ်ဝေခဲ့ပြီး 'မောင်စိန်သောင်းနှင့် မနှင်းရည်' ဇာတ်ကောင်များဖြင့် ဇာတ်လမ်းများကိုလည်း မဂ္ဂဇင်းများ၌ စတင်ရေးသားခဲ့ပါသည်။

၁၉၈၁ခုနှစ်အချိန်တွင် 'မောင်' ဝတ္ထုရှည်၊ 'အရွယ်လွန်' ဝတ္ထုရှည်များ ထွက်ရှိခဲ့ပြီး ၁၉၈၄ခုနှစ်တွင် 'လှပါ တယ်မသီတာ'၊ 'ရည်းစားစကား'၊ 'ချစ်ခင်စ မှော်ရုံမှာလေ' အစရှိသော ဝတ္ထုရှည်များ ထွက်ရှိခဲ့ပါသည်။ ၂၀⁠၀၅ခုနှစ်အချိန်တွင် 'အပျင်းပြေဖတ်ဖို့ ဖီလောဆော်ဖီ' စာအုပ်ထွက်ရှိခဲ့ပြီး၊ 'ရင်တွေခုန်နေတယ်' ဝတ္ထုရှည်၊ 'ဒုက္ခကို မြိန်ရည်ယှက်ရေ ခံစားနေသော မောင်ဝဏ္ဏ' ၊ 'မင်းကိုချစ်တယ်' ဝတ္ထုရှည်အစရှိသည့် စာအုပ်များကို ရေးသားခဲ့ပါသည်။ ပြည်တွင်းထုတ် မဂ္ဂဇင်းများဖြစ်သော ရွှေအမြုတေနှင့် ချင်းတွင်း မဂ္ဂဇင်းများတွင်လည်း ကင်ဆာဝေဒနာ မခံစားရခင်အချိန် အထိ စာပေများ ရေးသားခဲ့သည်။ ချင်းတွင်းမဂ္ဂဇင်း၌ အခန်းဆက် ရေးသားခဲ့သည့် 'သူလိုကိုယ်လို မောင်ဝဏ္ဏ' ဆောင်းပါးများက စာအုပ်ပြန်လည် ထွက်ရှိသည်အထိ အောင်မြင်ခဲ့ပါသည်။ လုံးချင်း ဝတ္ထုပေါင်း ၂ဝ အုပ်ခန့် ရေးသား ခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် အူကြောင်ကျား-၂ စာအုပ်ဖြင့် ဆရာဝန်တင်ရွှေစာပေဆုကို ရရှိခဲ့သည်။

0 Reviews