BOOK DETAILS

စည်း အပြင်ကလူ

Language : မြန်မာ
Publisher :  Whisper Of Words (https://t.me/TheBookR)
File Info :  

Epub, Kfx


ဒီစာအုပ်လေးဖတ်ပြီး တွေးမိလိုက်ရတာကတော့ လူဆိုတာ (မွေးလာကတည်းကပဲ) စည်းတစ်ခု ဘောင်တစ်ခုထဲရောက်ရှိနေကြပြီး အဲ့ဒီ စည်းတွေ၊ ဘောင်တွေထဲမှာပဲ ရှေးအစဉ်ကတည်းက ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေအတိုင်း အဆင်ပြေသလို နေထိုင်နေကြတယ်ဆိုတာပါပဲ။

ဒါပေမဲ့ ဒီစည်းတွေ ဘောင်တွေကို ငြီးငွေ့လာကြတဲ့ တစ်ချို့လူအနည်းစုကတော့ သူတို့ကိုယ်ပိုင်စည်းမျဉ်းတွေချမှတ်ပြီး သူတို့ကိုယ်သူတို့ပဲ ဘယ်လိုဘယ်ဝါဖြစ်ရမယ်လို့ သတ်မှတ်ကြပါတယ်။

ဒီစာအုပ်ထဲမှာတော့ အဓိကဇာတ်ကောင် မားဆော့ကို Existilism (ဖြစ်တည်မှုဝါဒီ)ရဲ့ သရုပ်ဖော်ဇာတ်ကောင်အဖြစ် ဖတ်ရှုရမှာဖြစ်ပါတယ်။

မားဆော့ဟာ အများသူငှာနဲ့မတူ သာမန်လူတွေထက် ထူးခြားတယ်လို့ဆိုမရပေမဲ့ သူ့စိတ်အခြေအနေက ထူးဆန်းတယ်လို့ဆိုရပါမယ်။ သူ့ပုံစံက စိတ်ခံစားချက်မရှိတဲ့ ဗလာနတ္ထိရှိနေတဲ့သူလိုဖြစ်ပြီး မိခင်ရဲ့သေဆုံးမှုကိုတောင်မှပဲ ဝမ်းနည်းမှုမရှိတဲ့ သွေးအေးတဲ့သူလိုပါပဲ။ မိခင်ရဲ့အသုဘပြီး နောက်နေ့မှာပဲ ချစ်သူနဲ့ပင်လယ်ကမ်းခြေသွား၊ ရေကူးပြီး ညနေကျ ဟာသရုပ်ရှင်ကြည့်ရင်း ရယ်နေနိုင်တဲ့သူပါ။

ဒီလိုဆိုတိုင်း မိခင်ဖြစ်သူကို မချစ်ဘူးရယ်လို့တော့ (နုနုအနေနဲ့) မထင်မိပါဘူး။ သူ့အနေနဲ့ကြည့်မယ်ဆိုရင် မိခင်ရဲ့သေဆုံးမှုမှာပူဆွေးမနေတော့ဘဲ ရှေ့ဆက်ရမဲ့ခရီးကို ပြန်လည်စတင်ရုံလို့ထင်မိပါတယ်။

ဒါ့အပြင်သူ့မှာ လက်ထပ်တာ၊ မွေးနေ့၊ သေဆုံးတာ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကိစ္စ‌တွေမို့ (သူ့ရဲ့သေဆုံးမှုတောင်မှပဲ) အရမ်းအရေးကြီးပုံမပေါ်ပါဘူး။

ဒါပေမဲ့ ဒီလူထူးဆန်းဟာ မိတ်ဆွေဖြစ်သူရဲ့ ရန်သူအာရပ်တစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ပလိုက်ပါသတဲ့။ ပစ်တာကလည်း ငါးချက်တိတိ။

ဒီလိုပစ်ရတယ်ဆိုတာကလည်း (သူ့အတွက်က) နေပူပူသဲပူပူပင်လယ်ကမ်းခြေမှာ အပူရှိန်ကြောင့်စိတ်ဖောက်ပြန်တာဖြစ်ဖို့များပါသတဲ့ရှင်။

ဒီလိုနဲ့ တရားရုံးရောက်၊ ခုံရုံးတက်ပေါ့။ ဒီတရားစစ်ဆေးမှုမှာစ,ပြီး သူဟာစည်းအပြင် ဘောင်အပြင်ကိုထွက်ချင်နေတဲ့ ခံစားချက်မရှိတဲ့ ဦးနှောက်ဗလာဖြစ်ပြီး ခံစားချက်ကင်းတဲ့ လူထူးဆန်းဖြစ်တယ်ဆိုတာပေါ်လွင်လာရတာပါပဲရှင်။

ကဲ... စာဖတ်သူတို့ရေ... မိခင်ရဲ့သေဆုံးမှုတောင် ဝမ်းမနည်းတဲ့မာဆော့ အသုဘအပြီး ချစ်သူနဲ့ ချစ်တင်းနှောနိုင်တဲ့မားဆော့ မိတ်ဆွေရဲ့ရန်သူကို သွေးအေးအေးနဲ့ပစ်သတ်နိုင်တဲ့မာဆော့ ဘာသာရေးကိုလုံးလုံးအယုံအကြည်မရှိတဲ့မားဆော့ ဒီမာဆိုတစ်ယောက် အချုပ်အနှောင်ကနေကင်းလွတ်နိုင်ပါ့မလား၊ ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စာအုပ်ထဲမှာပဲ ဆက်ဖတ်ကြည့်ကြပါတော့ရှင်...။

#Review_by_NuNu

About Author

ထင်လင်း
3 Books

ရွှေဘိုခရိုင် ရေဦးမြို့နယ် ညောင်လယ်ရွာ၌ အဖမြေတိုင်းစာရေးကြီး ဦးဘိုးပေါ် ၊အမိဒေါ်လှတို့ မေလ ၉ရက် ၁၉၁၉တွင်မွေးဖွါးသည်။ မွေးချင်း ၄ယောက်မြောက်ဖြစ်၍ အမည်ရင်းမှာ ဦးသိန်းမောင်ဖြစ်သည်။

ငယ်ရွယ်စဉ်က ညောင်လယ်ရွာ ဘုန်းတော်ကြီး ဦးကြာစိကျောင်း၌ စတင်ပညာသင်ယူသည်။ ၁၉၂၉-၃၀ ထန်းတပင် ဇီးကုန်း ဦးသာဂျမ်း အလယ်တန်းကျောင်း၌ လေးတန်းအထိ၊ ၁၉၃၀-၃၁တွင် ရေဦး အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်း၊၁၉၃၁-၃၉တွင် ရွှေဘို အက်စ်ပီဂျီ သာသနာပြုကျောင်း၌ ဆက်လက် ပညာသင်ယူသည်။ ၁၉၃၉တွင် ဆယ်တန်းအောင်သည်။ ၁၉၄၇တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ဆည်ပူးပြီး ၁၉၅၂ တွင်ဝိဇ္ဇာဘွဲ့ ၊ ၁၉၅၄တွင် ဥပဒေဘွဲ့ ရရှိခဲ့သည်။

၁၉၃၉- ၄၇ တွင်ရွှေဘိုအရေးပိုင်ရုံး၌ စာရေး၊ ကန့်ဘလူနယ်ပိုင်ရုံးတွင် ဒုတိယစာရေး ၊ ကန့်ဘလူမြို့ပိုင်ရုံးတွင် စာရေးကြီး၊ထို့အပြင် တန့်ဆည် ခင်ဦး၊ဝက်လက် စသဖြင့် ပြောင်းရွေ့အမူထမ်းရသည်။ ၁၉၄၈တွင် စာပေဗိမ္မာန်၌ စာပြု၊ ၁၉၄၉-၅၄တွင် စာပေဗိမ္မာန်၌ လက်ထောက်စာတည်း၊ ၁၉၅၄-၅၅တွင် တက္ကသိုလ် ဘာသာပြန်စာအုပ်နှင့် စာအုပ်ထုတ်ဝေရေးဌာန၌ လက်ထောက်စာတည်း၊ ၁၉၅၅-၅၉တွင် ရနကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၌ နည်းပြအဖြစ်အမူထမ်းပြီး မဟာဝိဇ္ဇာတန်း ဆက်တက်သည်။ ၁၉၅၉တွင် မင်းယုဝေနှင့်တွဲဖတ်၍ ငွေတာရီ မဂ္ဂဇင်းနှင့် ငွေတာရီစာစဉ်တည်ထောင်ပြီး ငွေတာရီမဂ္ဂဇင်း အယ်ဒီတာချုပ်၊ ငွေတာရီစာစဉ် တွဲဖက်အယ်ဒီတာ အဖြစ်တာဝန်ယူသည်။ ၁၉၆၁မှစ၍ ဦးခင်မောင်လတ်နှင့်အတူ အလွတ်ပညာသင်ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

၁၉၆၁ တွင်အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီးအဖြစ် ၄လသာမျှ သွားရောက်ခဲ့သည်။ ထိုခရီးမှအပြန်တွင် ဂျပန်သို့ဝင်၍ ယူနတ်စကိုအကူအညီဖြင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများကိုလေ့လာခဲ့သည်။ ၁၉၉၀တွင်အိန္ဒိယနိုင်ငံ ဘုံဘေမြို့အနီး အီဂတ်ပူရိရှိ ဓမ္မဂီရိကုန်းမြေ၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဝိပဿာနာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး ဝိပဿာနာဘာဝနာစာတမ်းကို ဖတ်ကြားခဲ့သည်။

၁၉၄၇ မှစ၍ စာနယ်ဇင်းများတွင် ဆောင်းပါး၊ဝတ္ထု၊ ကဗျာများကို အင်္ဂလိပ်၊မြန်မာ ၂ဘာသာဖြင့် ရေးသားသည်။

၁၉၄၇တွင် တာရာမဂ္ဂဇင်း၌ နယ်ပိုင်ဦးထုပ် (ဝတ္ထု)ကို သိန်း(အညာ) ကလောင်အမည်ဖြင့် ရေး၍ စာပေလောကသို့ စတင်ဝင်ရောက်သည်။

၁၉၄၈ တွင်ပဒေသာမဂ္ဂဇင်း၌ ထင်လင်း အမည် စတင်ခံယူသည်။

မဟေသီ (၁၉၅၃)၊ အလီဘာဘာ၏ဂူနှင့်အခြားစုံထောက်ဝတ္ထုများ၏တက္ကသိုလ် ဥပစာတန်း ပြဠာန်းအင်္ဂလိပ်စာ ဘာသာပြန်)၊ မောဂ္ဂလိ(၁၉၇၄)၊ စည်းအပြင်ကလူ(၁၉၇၄)၊ မေတ္တာရှင်မလေးပေါ်လီယာနာ(၁၉၇၄)၊ တကျွန်းစံ၏အပြန်လမ်း(၁၉၇၆)၊ ပလိပ်(၁၉၇၇)၊ အဆိပ်(၁၉၈၁ စသည့်တို့ကိုဘာစာပြန်ခဲ့သည်။

မြစိမ်းရောင်ရင်ခွင်သို့အပြန်(၁၉၇၅)၊ဘယ်ဆီဘယ်ဝယ်(၁၉၇၆)၊ စောင်းကြိုးတင်းသည့်သီချင်းသံဝတ္ထုတိုများ(၁၉၇၇)၊ချစ်သူရင်ခွင်ထက်၌အိပ်စက်ခြင်း(၁၉၄၄)၊ထင်လင်းပုံပြင်(၁၉၉၉)တို့ကို ရေးသားခဲ့သည်။

မောဂ္ဂလိ ဖြင့် ၁၉၄၇ အမျိုးသားစာပေ ဘာသာပြန်စာပေဆု၊ လယ်တောမှအပြန်နျင့်လက်ရွေးစင်ဝတ္ထုတိုများ ဖြင့် ၁၉၉၁တွင် အမျိုးသားစာပေတ္ထုတိုပေါင်းချုပ်ဆု ရရှိခဲ့သည်။

၁၉၉၆ခုနှစ် ဇွန်လ ၃၀ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

3 Reviews



Chan Nyein
2 weeks ago

ဘယ်လိုဒေါင်းရတာလဲခင်ဗျာ ဒေါင်းမရလို့ပါ

Chan Nyein
2 weeks ago

ဘယ်လိုဒေါင်းရတာလဲခင်ဗျာ ဒေါင်းမရလို့ပါ

Fuzzy
4 weeks ago

Thank a lot admin team. တင်ပေးတဲ့စာအုပ်တွေထဲက ဖတ်ပြီး တကယ် သဘောကျတဲ့ စာအုပ်တွေကို စာရေးသူကို လေစားတဲ့အနေနဲ့ မရ ရအောင်ဝယ်စုဖြစ်ပါတယ်ဗျ။