BOOK DETAILS

အချစ်ပုံပြင်

Publisher :  ငါတို့စာပေ
File Info :  

epub, azw3


About Author

မောင်မိုးသူ
2 Books

၁၉၅၃ ခုနှစ်မှ စ၍ ကဗျာများ ရေးခဲ့။ ၁၉၅၆ ခုနှစ်၊ တက္ကသိုလ် ရောက်ရှိချိန်တွင် ဆောင်းပါး ဝတ္ထုများ ရေးခဲ့။ ည (၁၉၆၁)၊ မေမေကြည် (၁၉၆၂)၊ ရန်ကုန်သားနှင့် မန္တလေးသူ (၁၉၆၆)၊ မိုးမိတောက်တို့ ပန်တော်အမီ (၁၉၆၇) စသည့် မြန်မာ ဝတ္ထုများ ရေးခဲ့။ ဝတ္ထု၏ သဘောနှင့် ရည်ရွယ်ချက် စာတမ်းနှင့် မိုးဦးပန်း အစမ်းစာများ ရေးသားခဲ့။ မိုးဦးပန်း စာပေတိုက်ကို တည်ထောင်၍ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာ ဇေယျ၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ တက်တိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ) တို့ရဲ့ ဝတ္ထုများ၊ ကဗျာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့။ ဘာသာပြန် ဝတ္ထုများ အဖြစ် စိတ္တဇ (၁၉၆၅)၊ အိပ်မက်ကုန်သည် (၁၉၇၆)၊ သေနေ့ (၁၉၇၇)၊ ကြေးစား (၁၉၈၁)၊ အိပ်ဇိုးဒပ် (နိုင်ငံတခု မွေးဖွားခြင်း)၊ ကျားကုတ်ကျားခဲ (၁၉၈၃)၊ သဲကြီးမဲကြီး (၁၉၈၂)၊ သူနိုင်ကိုယ်နိုင် (၁၉၈၂)၊ အချစ်ပုံပြင် (၁၉၈၂)၊ သက်စွန့်ဆံဖျား (၁၉၈၃)၊ စိန်ပီတာဘက်မှလူ (၁၉၈၃)၊ မာဖီးယားနှင့် ပေါ်ပီပန်း (၁၉၈၃)၊ ဂျိန်းစဘွန်း၏ အထူးတာဝန် (၁၉၈၃)၊ အိပ်ဇိုးဆေး (၁၉၈၄)၊ အတိတ်တစ္ဆေ (၁၉၈၄)၊ လင်းယုန်တို့ အောင်ပွဲ (၁၉၈၄)၊ ရိုလာကိုစတာ ခုမကြည့်နဲ့ဦး (၁၉၈၅)၊ ငြိုးသူ့ရန်ဘက် (၁၉၈၅)၊ ပစ်မသွားနဲ့ အချစ်ရယ် (၁၉၈၆)၊ အထွတ်အထိပ် (၁၉၈၇) စသည့် ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့။ လွယ်အိတ် တစ်လုံးနှင့် ရွာစဉ်လည် (မိုးဝေနှင့် အခြား မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာ မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ ရေးသားပြီး လုံးချင်း ထုတ်ဝေခဲ့သည်။ မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်းခေတ် သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓန မဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်း တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့။ မန်းတက္ကသိုလ် ကလောင်ရှင် အသင်း အမှုဆောင်၊ အထက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင်၊ မန္တလေး အသင်း အမှုဆောင်၊ မြန်မာ နိုင်ငံ ရုပ်ရှင် ကောင်စီ ဗဟို အမှုဆောင် အဖြစ် တာဝန် ယူခဲ့။

0 Reviews