BOOK DETAILS

နယ်ခြားမဲ့မိုးတိမ်

Language : မြန်မာ
Publisher :  ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF)
Pages :  120
Year :  2019
File Info :  

epub, kfx


“မြန်မာနှင့်တရုတ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်ကြသူတို့၏ လူမှုဘဝ အဖုံဖုံ အကြောင်း သိကြားမှတ်သားမိသမျှတို့ကို မျှဝေလိုသည့် အရင်းခံဆန္ဒကြောင့် “နယ်ခြားမဲ့မိုးတိမ်" ဝတ္ထုတိုစာစု ဖြစ်ပေါ်လာခဲ့ပါသည်။ နယ်စပ်ဒေသ ဆိုသည်မှာ နိုင်ငံတော်က ဖန်တီးထားသော နယ်နိမိတ်စည်းကြောင့်သာ မြို့၊ ရွာ လူမှုဝန်းကျင်နှင့် အချုပ်အခြာအာဏာတို့ သီးခြားစီ တည်ရှိရသော်လည်း လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် တစ်ဘက်အပေါ်တစ်ဘက် အမှီသဟဲ ပြုနေရသည်မှာ ပိုင်းခြား၍ မရပါချေ။ သည်သဘောကို ခြုံငုံနားလည်စေရန်အတွက် ပညာအလင်းပွင့် မြန်မာ သုတေသန ဖောင်ဒေးရှင်း (EMReF) က သုတေသီတို့သည် ကချင်ပြည်နယ် မြစ်ကြီးနား၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ ကန်ပိုက်တီး၊ ဖီမော်၊ ဂန်ဖန် (ကန်းဖန့်)နှင့် မြန်မာနိုင်ငံနယ်စပ်နှင့် ကပ်လျက်တည်ရှိသော တရုတ်ပြည်ထဲက ဖြတ်မာ၊ လိုင်းရင်း၊ ကျန်းဖုန်း ဒေသများသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သွားရောက်လေ့လာ၍ အချက်အလက်များကို ကောက်ယူ စုဆောင်းခဲ့ပါသည်။ အချက်အလက် ပြည့်စုံသော သုတေသနအစီရင်ခံစာ အပြင်၊ ရရှိလာသော တွေ့ရှိချက်များကို နယ်ပယ်အသီးသီး“မှ မည်သူမဆို အလွယ်တကူ နားလည်စေသည့် နည်းလမ်းဖြင့် မျှဝေပေးနိုင်ရန်အတွက် အနုပညာနှင့် သုတေသနရလဒ်ကို ပေါင်းစည်းခြင်းနည်းအားဖြင့် ဤဝတ္ထုတိုစာအုပ် ထုတ်ဝေရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤဝတ္ထုတိုစုတွင် ဝတ္ထုတို (၃) ပုဒ်ပါဝင်ပြီး ၎င်းတို့မှာ လွယ်ဂျယ်၊ မိုင်ဂျာယန်နှင့် ဖီမော်ဒေသက လူပုဂ္ဂိုလ် (၃) ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းအပေါ် မှီတည်ပြီး ပြန်လည်ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။

About Author

သော်တာအေးလဲ့
1 Book

  • ကလောင်အမည် - သော်တာအေးလဲ့

  • အမည်ရင်း - အေးလဲ့ထွန်း

  • ၁၉၈၄ ခုနှစ်တွင် မန္တလေးမြို့တွင် အဖ- ဦးတင်မောင်ထွန်း (ခ) စာရေးဆရာညိုထွန်းလူနှင့် အမိ ဒေါ်ဘီးဘီးအင်တို့က မွေးဖွားသည်။

  • ၂၀၀၂ ခုနှစ်တွင် ထားရစ်ခဲ့ပါရီ ဝတ္ထုတိုကို နိုင်ငံခြားဘာသာသင်တက္ကသိုလ် (မန္တလေး)၏ ပထမဆုံးအကြိမ် နှစ်ပတ်လည်မဂ္ဂဇင်းအတွက် ရေးသားခဲ့သည်။

  • ၂၀၀၆ ခုနှစ်ကစပြီး ပြည်တွင်းမီဒီယာများတွင် သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့သည်။

  • ၂၀၀၈ ခုနှစ် မှ ၂၀၁၂ ခုနှစ်အထိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုကူညီရေးအဖွဲ့အစည်းများတွင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့သည်။

  • ၂၀၁၁ ခုနှစ်တွင် မျက်ရှုအွန်လိုင်းမဂ္ဂဇင်း ဝဘ်ဆိုက်ကိုတည်ထောင်ခဲ့သည်။

  • ၂၀၁၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါတက္ကသိုလ်၏ နိုင်ငံတကာစာပေရေးသားခြင်း အစီအစဉ်တွင် ပါဝင်ခဲ့သည်။

  • ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဝတ္ထုတိုပေါင်း ၃၀ ကျော် ရေးသားခဲ့ပြီးဖြစ်သည်။ ပုံနှိပ်ထုတ်ဝေခဲ့သော စာအုပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ လရိပ်ပိုးမျှင် (ဝတ္ထုရှည်၊ ၂၀၁၇) ၂။ မနက်ဖြန်မှ ပြုံးတော့မယ် (ဝတ္ထုရှည်၊ ၂၀၁၈) ၃။ ကျန်ရစ်မြစ် (ဝတ္ထုရှည်၊ ၂၀၁၉) ၄။ နယ်ခြားမဲ့မိုးတိမ် (ဝတ္ထုတိုစု, ၂၀၁၉) ကန့်သတ်ထုတ်ဝေ ၅။ လဲမှို့ပွင့်လေး (ဝတ္ထုတိုစု၊ ၂၀၁၉) ၆။ ရွာရန်ရာနှုန်း ၈၀ (ဝတ္ထုရှည်၊ ၂၀၂၀) ၇။ ဆောင်းဦးမြေဆီ (ခရီးသွားမှတ်တမ်း၊ ၂၀၂၁)

  • လက်ရှိ (၂၀၂၂ ခုနှစ်) အချိန်တွင် ကနေဒါနိုင်ငံ၌ နေထိုင်လျက်ရှိပြီး၊ McMaster တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ပါရဂူတန်း တက်ရောက်နေပါသည်။

0 Reviews