BOOK DETAILS

ကမ္မဖလ

Language : မြန်မာ
Publisher :  ရာပြည့်စာအုပ်တိုက်
File Info :  

epub, kfx


"....​ရေးသားလာခဲ့ရ​သော စာအမျိုးအမည်​​ ပေါင်​း များစွာတို့အနက်​တွင်​ ကိုယ်​့စာကို ပြန်​၍ တင်​းပြည်​့ကျပ်​ပြည်​့ ​ကျေနပ်​အားရ သော(ယခုအထိ) တစ်​ခုတည်​း​သော စာမူမှာကား ကမ္မဖလ ၀တ္တုပင်​ ဖြစ်​ပါ၏။.....'

[ တင်​့တယ်​၏ "ကမ္မဖလနှင်​့ နှစ်​​လေးဆယ်​ခရီး" ........မှ။ ]

ဤကမ္မဖလ ၀တ္တုကြီးကို ဆရာတင်​့တယ်​က ၁၉၅၁ခုနှစ်​၊ လန်​ဒန်​မြို့ကို​ရောက်​​နေတဲ့ အ ချိန်​မှာ ​ရေးဖြစ်ခဲ့ခြင်းသည်။ ဥပုသ်သီတင်း​သီလ ​ဆောက်​တည်​စရာ ဘုရား​ကျောင်းကန် မရှိ​​​သော ခရစ်​ယာန်​တိုင်​းပြည်​ ​ရောက်​​နေစဉ်​မှ မြန်​မာတို့အ​ကြောင်​းကို ​တွေးမိရင်​း ကံကံ၏အကျိုးနှင်​ ​့ပက်​သက်​၍ ၀တ္တုရှည်​တစ်​ ်​ပုဒ်​​ရေးရန်​ စဉ်​းစားမိကာ ​ရေးသားခဲ့ခြင်​းဖြစ်​သည်​။

ကမ္မဖလ၀တ္တုသည်​ ကံကံ၏အကျိုး​ပေးမွု ဆန်​းကြယ်​ပုံကို လျိွု့၀ှက်​ ရာဇ၀တ်​မွုနှင်​့ ဥပ​ဒေ​ ရေးရာတို့ဖြင်​့ ​ရောယှက်​ ဇာတ်​လမ်​းဖွဲ့ထားသည်​။

ဤ၀တ္တုသည် ​ဆန်​စက်​ပိုင်​ရှင်​ ဦးစိန်​​မောင်​ကို သတ်​မွုဖြင်​့ ကြိုးမိန်​့ကျ​နေ​သော သူ​ဋ္ဌေးကြီး ဦးကံ​ကောင်​း ကိုဇာတ်​အိမ်​တည်​၍ ​ရေးထား သည်​။

ဤ၀တ္တုကို စာ​ပေဆု​ရွေးချယ်​​ရေး အဖွဲ့က ဆန်​ခါတင်​ ​ရွေးချယ်​ထားပြီးမှ ဖြုတ်​ချခဲ့​ပေ သည်​။ အ​ကြောင်​းမှာ လူခုနစ်​​ယောက်​ကို သတ်​၍ လက်​စား​ချေထားသည်​ ဟူ​သောအ ချက်​​ကြောင်​့ဖြစ်​သည်​။

ဤ၀တ္တုသည်​ အ​တော်​ဖတ်​လို့​ကောင်​းသည်​။ ကံ​ကောင်​း၏ အလွန်​နုံချာလှ​သော ငယ်​ဘ၀ကို စာနာမိသည်​။ အချစ်​ကိုဦးစား​ပေးကာ ဖခင်​သ​ဘောမတူ​သော သဘင်​သမားနှင်​့ ခိုးရာလိုက်​သွားခဲ့​သော ကံ​ကောင်​းရဲ့အ​မေ၊ ဖခင်​၏အ​မွေဖြတ်​၊ သမီးအဖြစ်​မှစွန်​့လွွတ်​ခြင်​းကို ခံကာ အချစ်​မျက်​နှာတစ်​ခုထဲကို ကြည်​့ခဲ့​သော် လည်​း သစ္စာမရှိ​သော ​ယောကျ်​ား​ကြောင်​့ ကံ​ ကောင်​းနှင်​့အတူ ဘ၀ကို ခက်​ခက်​ခဲခဲ ရုန်​း ကန်​ခဲ့ရကာ ​နောက်​ဆုံး​​ ​​လောကဓံ၏ ထိုးနှက်​မွုများ​ကြောင်​့ပင်​ သေဆုံးခဲ့ရသည်​။

မိခင်​မ​သေဆုံးခင်​တွင်​ အ​မွေဖြတ်​စွန်​့လွွတ်​ခဲ့​သော အဘိုးဦးနကီ၏အိမ်​ကို သားအမိနှစ်​​ယောက်ပြန်​သွားကာ အသနားခံခဲ့​သေးသည်​။ သို့​သော်​ အတ္တကြီး​သော ဦးနကီက သူတို့သားအမိကို သူဖုန်​းစားပမာ ​မောင်​းထုတ်​ခဲ့သည်​။ အဘိုးဦးနကီကို မုန်​းတီ​သောစိတ်​၊ သစ္စာမရှိ​သော ဖခင်​ကို နာကြည်​း​သောစိတ်​များသာ ကံ​ကောင်​း၏စိတ်​ကို ဖုံးလွွမ်​းလျက်​ရှိကာ တ​စ်​​နေ့တွင်​ လက်​စား​ချေရမည်​့အ​ရေးကို ​တွေး​တော၍သာ ​နေ​လေ​တော့သည်​။

ဤသို့ဖြင်​ ့​ကံ​ကောင်းသည် ​​ဘုန်​းကြီး​ကျောင်​းသားဘ၀​မှ ဗိုလ်​​ကျော်​​ခေါင်​အဖြစ်​ကို ​ရောက်​​အောင်​ အဆင်​့ဆင်​့ကြိုးစားခဲ့ရင်​း အဘိ်​ုးဦးနကီနှင်​့ပက်​သက်​​သော သူ၏ဦး​လေး၊ ၀မ်းကွဲအကို စသည်​့ သူများကို တစ်​​ယောက်​ပြီးတစ်​​ယောက်​ လက်​စား​ချေရန်​အခွင်​့ရလာခဲ့သည်​........။

ဤ၀တ္တုကို အချို့က မှီငြမ်​းပြု၀တ္တုဟု ဆိုကြသည်။ ကျွန်​​တော်​ကိုယ်​တိုင်​​တောင် ​ထိုသို့ ထင်​ခဲ့မိသည်​။ အ​ကြောင်​းမှာ မိခင်​အတွက်​လက်​စား​ချေရန်နှင်​့ မိခင်​ခံစားခွင်​့မရခဲ့​သော အဘိုး၏ စည်​းစိမ်​ဥစ္စာများကို သိမ်​းပိုက်​နိုင်​​စေရန်​ ကြိုးစားကာ တစ်​ဦးချင်​း ချဉ်​းကပ်​၍ ကလဲ့စား​ချေ သတ်​ဖြတ်​ခဲ့​သော ဦးကံ​​ကောင်​း၏ သရုပ်​ကို စာ​ရေးသူ ဖန်​တီးထားသည်​မှာအလွန်​လက်​ရာ​မြောက်​လှ​သော​ကြောင်​့ပင်​။

မည်​သူတစ်​ဦးတစ်​​ယောက်​မှ မရိပ်​မိဘဲ လူခုနစ်​ဦးကို ကလဲ့စား​ချေ သတ်​ခဲ့​သော ဦးကံ​ကောင်​းသည်​ သူမသတ်​ခဲ့​သော ဆန်​စက်​ပိုင်​ရှင်​
ဦးစိန်​​မောင​​်၏ အမွု​ကြောင်​့ပင်​ ကြိုးစင်​တတ်​ခဲ့ရသည်​။ ထိုအခါ သူ၏ အဖြစ်​မှန်​ကို ​နေှာင်​းလူတို့သိ​စေရန်​ အလို့ငှါ ကြိုးစင်​မတင်​ခင်​ အချိန်​အတွင်​း သူ၏ဖြစ်​စဉ်​မှတ်​တမ်​းက်ို ​ရေးသားဟန်​ဖြင်​့ ၀တ္တုတစ်​ပုဒ်​လုံးကို ​နောက်​​​ ကြောင်​းပြန်​ကာ ​ရေးထာ​းသည်​မှာ ရသမျိုးစုံ ကို ခံစားရမည်​ဖြစ်​သည်​။

ထမင်​းပင်​နပ်​မှန်​​အောင်​ မစားခဲ့ရ​သော၊ မိမိ၏ ​ရေှ့​ရေး အတွက်​ ပင်​ပန်​းဆင်​းရဲစွာ ကြိုးစားရင်​း​ ​သေဆုံးခဲ့ရ​သော မိခင်​အတွက်​ လူများစွာကို ကလဲ့စား​ချေ သတ်​ဖြတ်​ခဲ့သည်​့ ဦးကံ​ကောင်​းသည်​ ​နောက်​ဆုံးတွင်​ ကြိုးစင်​တတ်​၍ အပြစ်​တို့ကို ပြန်​၍ခံခဲ့ရသည်​ကို ဖတ်​ရခြင်​းဖြင်​့ စာ​ရေးသူ​ပြချင်​​သော ကံနှင့်​့ကံ၏အကျိုးကို ထင်​ထင်​ရှားရှား​တွေ့မြင်​ရ​ပေမည်​။

#​မောင်​ #၀တ္တုရှည်​ဖတ်​ညွွန်​း #savethelibrary

About Author

တင့်တယ်
1 Book

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ကင်မွန်းခြံ (ကင်းပွန်းချုံ) လမ်း၌ အဖ ကုန်သည် ဦးဘစိန်၊ အမိ ဒေါ်တင်မေ တို့က ၁၉၁၆ ခုနှစ် ဇူလိုင် ၂၁ ရက် [၁၉၁၇ ခုနှစ် ဇွန်လ ၂၉ ရက် (၁၂၇၉ ခု ဝါဆိုလဆန်း ၁၁ ရက် သောကြာ) ဟု ရှုမဝတွင် ဖော်ပြသည်] နေ့တွင် မွေးဖွားသည်။ တစ်ဦးတည်းသော သား၊ ငယ်မည် မောင်သန်း၊ အမည်ရင်း ဦးဝင်းစိန် ဖြစ်သည်။

တင့်တယ်သည် ‌ရွှေ‌တောင်မြို့ အမျိုးသားအထက်တန်းကျောင်း၊ အစိုးရအထက်တန်း‌ကျောင်းနှင့် ပြည်မြို့ အစိုးရအထက်တန်း‌ကျောင်းတို့တွင် ပညာသင်ခဲ့ပြီး၊ ၁၉၃၄-ခုနှစ်တွင် ပြည်မြို့ အစိုးရအထက်တန်း‌ကျောင်းမှ ဆယ်တန်း‌အောင်မြင်ခဲ့သည်။ ထိုနှစ်မှပင် ရန်ကုန်တက္ကသိုလ်တွင် ဥပစာသိပ္ပံ သင်တန်း၌ ဆက်လက်ပညာသင်သည်။ ဥပစာသိပ္ပံတန်းကို အောင်မြင်ပြီး‌နောက် ဝိဇ္ဇာပညာရပ်ကို ဆက်လက်‌လေ့လာရာ ၁၉၃၉-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။

ထို့‌နောက် ၁၉၃၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ပန်းတ‌နော်မြို့ အမျိုးသားအထက်တန်း‌ကျောင်း၌ ‌ကျောင်းဆရာအဖြစ် အမှုထမ်းပြီး ၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဥပ‌ဒေသင်တန်းသို့ တက်‌ရောက်၍ ပညာ ဆက်လက်သင်ယူသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကုန်သည်လုပ်ပြီး‌နောက် ပညာ‌ရေးဌာန လက်‌အောက်ရှိ စာ‌ပေနှင့် စာကြည့်တိုက်ဌာနတွင် စာပြုအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဆက်လက် ပညာသင်ရာ ဥပ‌ဒေဝိဇ္ဇာဘွဲ့ကို ရသည်။ ထိုကာလက အင်္ဂလိပ်စစ်အုပ်ချုပ်‌ရေးလက်‌အောက်ရှိ ပြည်သူ့ဆက်ဆံ‌ရေးဌာနတွင် ဆက်လက် အမှုထမ်းသည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၈-ခုနှစ်အထိ ပြန်ကြား‌ရေးဌာနတွင် ဘာသာပြန်အရာရှိအဖြစ် ဆက်လက် အမှုထမ်းသည်။ ၁၉၄၈-ခုနှစ်မှ ၁၉၅၂-ခုနှစ် အတွင်းတွင် အင်္ဂလန်နိုင်ငံ ဘီ⁠ဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၌ ဘာသာပြန်နှင့်သတင်းလွှင့်ထုတ်သူအဖြစ် အမှုထမ်းခဲ့သည်။

တင့်တယ်သည် ၁၉၃၆-ခုနှစ် တက္ကသိုလ်‌ကျောင်းသားဘဝကပင် စာ‌ပေနယ်သို့ စတင်ဝင်‌ရောက်ခဲ့သည်။ တင့်တယ်၏ ပထမဆုံးလက်ရာမှာ ၁၉၃၆-ခုနှစ်က ရွှင်‌ပျော်‌ပျော် စာအုပ်တိုက်မှ ထုတ်‌ဝေ‌သော "'မရှက်လို့လား"' ဝတ္ထုဖြစ်သည်။ သို့‌သော် ထိုစဉ်က က‌လောင်နာမည် မပါပဲ ရွှင်‌ပျော်⁠‌ပျော်တိုက်ထုတ်စာအုပ်အဖြစ် ထုတ်‌ဝေခဲ့ရသည်။ ၁၉၃၇-ခုနှစ်တွင် ထုတ်‌ဝေသည့် "'တ‌နေဝင်"' အမည်ရှိ ဝတ္ထု၌ ‌အောင်‌ကျော်ဟူ‌သော က‌လောင် အမည်ကို ယူခဲ့သည်။

၁၉၄၆-ခုနှစ် ဇူလိုင်လတွင် စာပ‌ဒေသာမဂ္ဂဇင်းကို ဦး‌ဆောင်ထုတ်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် ရှုမဝရုပ်စုံ မဂ္ဂဇင်းကို ရှုမဝဦး‌ကျော်နှင့် တွဲဖက်တာဝန်ယူထုတ်‌ဝေခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် ပ‌ဒေသာမဂ္ဂဇင်းထုတ်‌ဝေသူများတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး ၁၉၅၅-ခုနှစ် ဩဂုတ်လမှစ၍ ပ‌ဒေသာမဂ္ဂဇင်းကို အ‌မေရိကန်ပြည်‌ထောင်စုထုတ် ရီးဒါးဒိုင်ဂျက် မဂ္ဂဇင်းပုံစံဖြင့် ဦးစီးထုတ်‌ဝေခဲ့သည်။ ၁၉၆၉-ခုနှစ်မှစ၍ စန္ဒာရုပ်စုံမဂ္ဂဇင်း စာတည်း တာဝန်ကို ကွယ်လွန်သည့်အချိန်အထိ ထမ်းရွက်သွားသည်။

တင့်တယ်သည် ၁၉၄၆-ခုနှစ်ထုတ် စာပ‌ဒေသာမဂ္ဂဇင်းတွင် တင့်တယ် က‌လောင်အမည်ကို စတင်သုံးစွဲခဲ့ပြီး ယင်းက‌လောင် အမည်ဖြင့် ၁၉၄၇ ခုနှစ်တွင် ‌ရွှေချစ် ‌ငွေချစ် ဝတ္ထုကို ပထမဆုံး လုံးချင်းဝတ္ထုအဖြစ် ထုတ်‌ဝေခဲ့သည်။

တင့်တယ်က‌လောင်အမည်ဖြင့် ထုတ်‌ဝေခဲ့‌သော ဝတ္ထုများအနက် ချစ်နိုင်ငံ (၁၉၄၇)၊ ‌ဖြေ‌လျော့‌ခွေ (၁၉၄၇)၊ ချစ်သက်လက်‌ဆောင် (၁၉၅၀)၊ ကမ္မဖလ (၁၉၅၁)၊ ထား(၁၉၅၇) စသည်တို့သည် ထင်ရှား‌သော ဝတ္ထုအချို့ ဖြစ်သည်။ တင့်တယ် က‌လောင်အမည်ဖြင့်ပင် ချစ်လင် (၁၉၄၇)၊ ပျိုတို့အချစ်‌တော် (၁၉၅၇)၊ အဏ္ဏဝါနှင့် အဖိုးအို (၁၉၆၄)၊ ချာလီနှင့် ယာယီ (၁၉၆၄)၊ လစန္ဒာနှင့် ခြူးပိုက်ဆံ (၁၉၆၄)၊ ‌ရောမကို အာခံသူ (၁၉၆၅)တို့ကိုလည်း ဘာသာပြန်ခဲ့သည်။ တင့်တယ်သည် အများအားဖြင့် အချစ်ဝတ္ထုများကို ‌ရေးခဲ့သည့်ပြင် ဘကြီးမွှန်းကို အဓိကဇာတ်‌ဆောင်ထား၍ အဆင့်နိမ့်လူလတ်တန်းစား ဘဝသရုပ်‌ဖော် ဝတ္ထုတိုများကိုလည်း ‌ရေးခဲ့သည်။ ဝတ္ထု‌ရေးနည်း အ‌ခြေပြ (၁၉၇၄)ကျမ်းတ‌စောင်ကိုလည်း ပြုစုခဲ့သည်။ တင့်တယ်ဟူ‌သော က‌လောင်အမည်အပြင် အမည်ရင်း ဦးဝင်းစိန် အမည်ဖြင့်လည်း ဒုတိယကမ္ဘာစစ် အတွင်းက စာ‌ပေနှင့် စာကြည့်တိုက်ဌာနတွင် အမှုထမ်းစဉ် အ‌ခြေပြကမ္ဘာ့သမိုင်း ဒုတိယတွဲကို ပြုစုခဲ့သည်။ အ‌ရှေ့ဖျားကမ္ဘာ့သမိုင်း စာအုပ်ကိုလည်း ပြုစုခဲ့သည်။

တင့်တယ်၏ အခြားထင်ရှား‌သော က‌လောင်အမည်ပွား တစ်ခုမှာ ‌အောင်မြင် ဖြစ်သည်။ ‌အောင်မြင် က‌လောင်အမည်ဖြင့် အေးစိမ့်ဟူ‌သော အဓိကဇာတ်‌ဆောင်တစ်‌ယောက်ကို ဖန်တီးကာ ဝတ္ထုတိုများ ‌ရေးခဲ့သည့်အပြင် အိုဘယ့်ကံ၊ သည်မိုးသည်‌မြေ စ‌သော ဝတ္ထုများကိုလည်း ဘာသာပြန်ခဲ့သည်။

တင့်တယ်သည် ‌ကျော်‌ဇော၊ စိန်တပွင့်၊ ထွန်းအံ့ဟူ‌သော က‌လောင်အမည်များဖြင့်လည်း ဝတ္ထုများနှင့် သုတစာအုပ်များကို ဘာသာပြန်ခဲ့သည်။

လှပဟူ‌သော က‌လောင်အမည်ကို သုံး၍ ပန်းချီအနုပညာ ဆိုင်ရာ ‌ဆောင်းပါးများကိုလည်း ‌ရေးခဲ့သည်။ ယဉ်မင်းလှ၊ ဦးထွဋ်‌ခေါင်၊ ဦးအသင်္ချေ၊ ဆရာဩဘာက‌လောင်အမည်များကို သုံး၍လည်း ‌ဆောင်းပါးများကို ‌ရေးခဲ့သည်။

တင့်တယ်သည် သူ၏သက်တမ်းတစ်‌လျှောက်တွင် စာမျိုးစုံ ‌ရေးနိုင်‌သော စာ‌ရေးဆရာတစ်‌ယောက်အဖြစ် ထင်ရှားသည်။ တင့်တယ်သည် စာ‌ပေ‌လောကတွင်သာမက ရုပ်ရှင်‌လောကတွင်လည်း ထင်ရှားသည်။ ၁၉၅၄ ခုနှစ်တွင် လာလုလု‌ငေး၊ ၁၉၅၇-ခုနှစ်တွင် ကျမအနုပညာသည်၊ ထား စသည်တို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးခဲ့သည့်ပြင် ‌ဖြေ‌လျော့‌ခွေ၊ အ‌ကျော်အ‌မော်၊ ဖိုးပြုံးချို ဇာတ်ကားတို့အတွက် ဇာတ်ညွှန်းများကိုလည်း ‌ရေးခဲ့သည်။

တင့်တယ်၏ တင့်တယ် အမည်ရှိ ကိုယ်‌ရေးအတ္ထုပ္ပတ္တိ တစ်‌စောင်ကိုလည်း ‌သွေး‌သောက်မဂ္ဂဇင်းတွင် ၁၉၆၅-ခုနှစ် အောက်တိုဘာလမှစ၍ ၁၉၇၁-ခုနှစ် ဧပြီလအထိ ‌ရေးသားခဲ့‌လေသည်။ ၁၉၈၀- ပြည့်နှစ်၊ ဇန်နဝါရီ (၄)ရက်နေ့ နေ့လယ် ၃း၄၆ နာရီတွင် ရန်ကုန် မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စိန်နှင့်အတူ သားသမီး (၆)ယောက်၊ မြေး (၁၀)ယောက် ကျန်ရစ်ခဲ့သည်။

0 Reviews