BOOK DETAILS

အညာပြန်

File Info :  

epub, kfx


ဤစာတမ်းသည် စာရေးသူ သိန်းဖေမြင့် မုံရွာခရိုင်၊ ဘုတလင်ဒေသ သို့ မတူညီသည့် အချိန်ကာလများတွင် အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး ထိုခရီး တွင် တွေ့ကြုံခဲ့ရသောအတွေ့အကြုံများ၊ခေတ်နောက်ခံပုံရိပ်တို့၏ ရောင်ပြန် ဟပ်မှုများ၊ မတူညီမှုတို့ကို စာရေးဆရာ၊ နိုင်ငံရေးသမား၊ သတင်းစာဆရာ ပီပီ ဖြော်ပထားသည်ကို သိစေလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ အညာ ပြန်ခရီးသွားဆောင်းပါးများကို ထိုခေတ် စကားပြေနယ်ပယ်အဖြစ် သတ်မှတ် ပြီး ခရီးသွားစာပေအတတ်ပညာဖြင့် ချိန်ထိုးလေ့လာသွားမည် ဖြစ်ပါသည်။ ထိုသို့လေ့လာခြင်းဖြင့် သိန်းဖေမြင့်၏ ခရီးသွားဆောင်းပါးများတွင် သုတ၊ ရသများ ပါဝင်ပေါင်းစပ် နေရုံမျှမက ခရီးသွားဆောင်းပါး၏ အနှစ်အသား ဖြစ်သော ခေတ်၏နောက်ခံပုံရိပ်များ ပါဝင်နေကြောင်း သိရှိနိုင်ပါသည်။

About Author

သိန်းဖေမြင့်
4 Books

ဦးသိန်းဖေမြင့်ကို ၁၉၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့တွင် အဖ မြေတိုင်းစာရေး ဦးဘ၊ အမိ ဒေါ်မြင့်တို့မှ ဖွားမြင်သည်။ ပထမပုံနှိပ်စာမူဖြစ်သည့် ၁၉၃၃၊ ဇန်နဝါရီ ၂ ရက်နေ့ထုတ် သူရိယသတင်းစာပါ ရာဇဝင်ပညာ´ ဆောင်းပါးနှင့် မန္တလေး အင်တာမီးဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ခြင်း´ဆောင်းပါးတို့ကို ဝနေငဖေ၊ ဘုတလင်´ဟူသည့် ကလောင်အမည်ဖြင့် ပထမဆုံး ရေးသားခဲ့သည်။ စာပေဆုများအနေဖြင့် ၁၉၅၈ တွင် အရှေ့ကနေဝန်း ထွက်သည့်ပမာ´စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုရှည်ဆု၊ ၁၉၆၇ တွင် ဝိသေသတိုင်း သမိုင်းအစ´စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ) ပထမဆု၊ ၁၉၆၈ တွင် သီတာပြုံး´စာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည် စတုတ္ထဆု တို့ကို အသီးသီး ရရှိခဲ့ပြီး ထင်ရှားသော အခြားစာအုပ်များမှာ- တက်ဘုန်းကြီး(၁၉၃၆/၇)၊ တက်ခေတ်နတ်ဆိုး (၁၉၃၈)၊ သပိတ်မှောက်ကျောင်းသား (၁၉၃၉)၊ လမ်းစပေါ်ပြီ (၁၉၄၈/၉၊ ဤဝတ္ထုမှစ၍ မိခင်ဒေါ်မြင့်၏အမည်ကို တွဲဖက်၍ သိန်းဖေမြင့် အမည်ပြောင်း)၊ ဇာတ်ဆရာ ဦးဖိုးစိန်(၁၉၅၂)၊ စစ်အတွင်းခရီးသည်(၁၉၅၃)၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ (၁၉၅၆)၊ ကျော်ငြိမ်း(၁၉၆၁)၊ ဝတ္ထုတိုပေါင်းချုပ်(၁၉၆၆)၊ တစ်ခုသော ငွေရတုသဘင်(၁၉၇၃)၊ ၆၀ ကျော်မှ ရေးသောဝတ္ထုများ(၁၉၇၈) တို့ဖြစ်သည်။ ၁၉၇၈၊ ဇန်နဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ကြည်ကြည်နှင့် သားသမီး ၄ ဦး ကျန်ရစ်သည်။ သိန်းဖေမြင့် ကလောင်အမည်အပြင် ဝနေငဖေ၊ သိန်းနေနွယ်၊ တက္ကသိုလ်အကျော့၊ တစ်ကောင်ကြွက်၊ ဦးကျောက်လုံး၊ သိန်းဖေ၊ တက်ဘုန်းကြီးသိန်းဖေ၊ မောင်တူ စသည်တို့ကို အသုံးပြုရေးသားခဲ့သည်။

0 Reviews