BOOK DETAILS

ဇင်ဘာဘွေ

File Info :  

EPUB, KFX


ဝီလ်ဘားစမစ် (Wilbur Smith) ရဲ့The Leopard Hunts in Darkness ကို ဆရာတက္ကသိုလ်နေဝင်းက ‘ဇင်ဘာဘွေ’ အမည်နဲ့ ဘာသာပြန်ထားပါတယ်။ ဒီစာအုပ်ကိုပဲ ဆရာအထောက်တော်လှအောင်ကလည်း ‘မဟာဘီလူး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာပြန်ခဲ့ဖူးတာလည်း ရှိပါတယ်။ ဆရာနှစ်ယောက်စလုံးရဲ့ ဘာသာပြန်မှုများကတော့ မြန်မာစာဖတ်ပရိသတ် အားလုံးအတွက် ကောင်းမှုပြုခဲ့ကြတာတွေပါပဲ။

ဒီစာအုပ်ရဲ့ မူရင်းစာရေးဆရာ ဝီလ်ဘားစမစ် (Wilbur Smith) ဟာ အာဖရိကတိုက် ဇင်ဘီယာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မျက်နှာဖြူလူမျိုးတယောက် ဖြစ်ပါတယ်။ သူဟာ သူရဲ့ ဇာတိဖြစ်တဲ့ အာဖရိကကို သံယောဇဉ်ရှိတဲ့ သူတဦးပါ။ ဒါကြောင့်လည်း သူရဲ့ ဝတ္ထုနောက်ခံ ဇာတ်လမ်းများကို ရေးဖွဲ့တဲ့အခါမှာ အာဖရိကကို မှန်ကန်အောင် ပုံဖော်နိုင်တဲ့ သူတယောက်လို့ ဆိုရမှာပါ။ အဲဒီအတွက်လည်း နိုင်ငံတကာရဲ့ စာဖတ်ပရိသတ်ကို သူရဲ့ စာများက ဆွဲဆောင်ဖမ်းစားနိုင်ခဲ့တာပါ။

About Author

တက္ကသိုလ်နေဝင်း
1 Book

တက္ကသိုလ်နေဝင်း (၁၉၁၈-၁၉၉၇) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၁၈ - ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ အဖ-အရေးပိုင် ဦးဘိုးရင်၊ အမိ-ဒေါ်အမာတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးထွန်းလှအောင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲတာဝန် ကိုထမ်းဆောင်ခဲ့ရာ ဗိုလ်ထွန်းလှဟု အမည်တွင်ခဲ့သည်။ စစ်ကြိုခေတ်ကာလတွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၉၃၆ - ဒဂုန်မဂ္ဂဇင်းပါ "အမြွှာညီနောင်" ဝတ္ထုတိုဖြင့် စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်းကြီးက ကြီးမှူးကျင်းပသော ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။ ၁၉၃၆-ခုနှစ် ကျောင်းသားသပိတ်နှင့် ၁၃၀၀-ပြည့် အရေးတော်ပုံမှစ၍ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲအဖြစ် ခေါင်းဆောင်ကြီးများကျဆုံးချိန်အထိ တာဝန်ထမ်းခဲ့သည်။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် သမဂ္ဂထုတ် "အိုးဝေ"မဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင် ဖြစ်သည်။ ၁၉၄၅ - စစ်ပြီးခေတ် "အိုးဝေသတင်းစာ" တွင် အယ်ဒီတာချုပ် စသည်ဖြင့် စာပေတာဝန်များထမ်းဆောင်ခဲ့သည်။ ထို့ပြင် မြန်မာအလင်းသတင်းစာတွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့သည်။ "နေးရှင်း" အင်္ဂလိပ်သတင်းစာနှင့် "နိုင်ငံသစ်" သတင်းစာများတွင်လည်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြဝတီ၊ သွေးသောက်နှင့် အခြား မဂ္ဂဇင်းစာစောင်များတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးအမြောက်အမြားရေးသားခဲ့သည်။

0 Reviews