BOOK DETAILS

ဘဝခရီးဝယ် ရွေးချယ်ရမဲ့လမ်း

Language : မြန်မာ
File Info :  

epub, azw3, kfx


About Author

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
6 Books

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသသည် အဘိဓမ္မာကျွမ်းကျင်သူ မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်သည်။[၁] မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီးပဓာနနာယကဖြစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်လည်း ဖြစ်သည်။[၂] အဘိဓဇမဟာရဋ္ဌဂုရုနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခံရသူ[၃] အရှင်သည် ၂၀၁၈ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး သံဃာ့ဂိုဏ်းဖြစ်သည့် ရွှေကျင်နိကာယ၏ ဥပဥက္ကဋ္ဌ (တွဲဖက်သာသနာပိုင်)၊ မဟာနာယကတာဝန်ကို ထမ်းရွက်လျက်ရှိသည်။[၄]

မြန်မာပြည် အထက်ပိုင်း ကျေးရွာတစ်ရွာတွင် ဖွားမြင်သော အရှင်သည် အသက်ဆယ်နှစ်အရွယ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီး၏ စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်သို့ ရောက်ရှိပြီး၊ အသက် (၁၃) နှစ်အရွယ်ကပင် အဘိဓမ္မာစာမေးပွဲသုံးဆင့်ကို အောင်မြင်ခဲ့သည်။ အစိုးရဓမ္မာစရိယစာမေးပွဲကို အသက် (၁၆) နှစ်အရွယ် ကိုရင်ဘဝဖြင့်ပင် ဖြေဆိုအောင်မြင်သည်။ သကျသီဟ သာမဏေတန်း သုံးဆင့်လုံးကိုလည်း ပထမအဆင့်ဖြင့် အောင်မြင်ကာ သာမဏေကျော်ဘွဲ့ကိုလည်း ရရှိခဲ့သည်။ ရဟန်း (၄) ဝါအရတွင် စေတီယင်္ဂဏ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း၊ (၆) ဝါအရတွင် သကျသီဟ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း၊ (၈) ဝါအရတွင် အစိုးရ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း ပြီးစီးအောင်မြင်ခဲ့သဖြင့် သ၊ စ၊ အ ဓမ္မာစရိယအရှင်လည်းဖြစ်သည်။ သီရိလင်္ကာနိုင်ငံမှ မဟာဘွဲ့နှင့် အိန္ဒိယနိုင်ငံမှ ပါရဂူဘွဲ့တို့ကို ရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဒုတိယမြောက် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၅]

၁၉၇၀ ပြည့်နှစ်များမှစတင်ကာ ကိုမာလာ၊ ကိုတုလ (စစ်ကိုင်း) စသည့် ကလောင်အမည်များဖြင့် ဓမ္မရသဆောင်းပါးများ ရေးသားခဲ့ပြီး၊ စံကင်းဆရာတော်၊ ရွှေဟင်္သာဆရာတော်၊ သမိဒ္ဓေါဒယဆရာကြီး ဒေါ်မာလာရီတို့၏ အတ္ထုပတ္တိများ ရေးသားပြုစုခဲ့သည်။ ဂါထာရေးစပ်သီကုံးရာတွင် ကျွမ်းကျင်လိမ္မာပြီး ဂုရုဝဏ္ဏနာဂါထာတစ်ရာနှင့် ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတစ်ရာတို့မှာ ထင်ရှားသည်။

ဂျာမနီစသည့် ပြည်ပနိုင်ငံများသို့ ကြိမ်ဖန်များစွာသွားရောက်၍ အဘိဓမ္မာသင်တန်းများ ပို့ချခဲ့ပြီး၊ မြန်မာနိုင်ငံတွင်လည်း ဓမ္မပညာသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ကာ ဓမ္မစာပေများ သင်ကြားပို့ချပေးလျက်ရှိသည်။ အရှင်သည် ကိုမာလာ၊ ကိုတုလ (စစ်ကိုင်း)၊ အသျှင်နန္ဒမာလာဘိဝံသ ဟူသော ကလောင်အမည်များဖြင့် ၁၉၇၂ ခုနှစ်မှစတင်ကာ ဓမ္မဗျူဟာစာစောင်၌ အချစ်နည်းနည်းလျှော့၊ မုန်းတုံ့ကိုဖြေ စသည့် ဓမ္မရသဆောင်းပါးများ ရေးသားခဲ့သည်။[၇၅] စာရင်းအရ ကိုမာလာအမည်ဖြင့် ငါးပုဒ်၊ ကိုတုလ (စစ်ကိုင်း) အမည်ဖြင့် နှစ်ပုဒ်၊ အသျှင်နန္ဒမာလာဘိဝံသအမည်ဖြင့် နှစ်ပုဒ် ရှိသည်ဟုဆိုသည်။[၇၅] မဟာသုဗောဓာရုံ ကျောင်းတိုက်တည်ထောင်မှု (၂၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တည်ထားသည့် သိရီဝိဇယငွေရတုစေတီ၏ ကြေးရွှေထီးတော်တင် ကောင်းကင်ကြိုးကို မောင်ညီထွေးအမည်ဖြင့် ရေးစပ်ခဲ့ဖူးသည်။[၇၆]

နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီး၏ သက်တော် (၁၀၀) ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် ဂုရုဝဏ္ဏနာဂါထာတစ်ရာကိုလည်းကောင်း၊[၇၇] ဧကာဒသမရွှေကျင်သာသနာပိုင် ကြေးမြင်ဆရာတော်ကြီး၏ သက်တော် (၁၀၀) ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတစ်ရာကိုလည်းကောင်း၊[၇၈] တေရသမရွှေကျင်သာသနာပိုင် ညောင်ရွှေကန်ကြီးဆရာတော်ကြီး၏ ညောင်ရွှေကန်ကျောင်းတိုက် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ရဋ္ဌဂုရုဝဏ္ဏနာဂါထာငါးဆယ်ကိုလည်းကောင်း ရေးစပ်သီကုံးပူဇော်ခဲ့သည်။[၇၉]

၁၉၇၂ ခုနှစ်တွင် ဂုရုပ္ပတ္တိကထာ အမည်ရ စံကင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိကို မတ္တရာသူဌေးဆရာတော် အရှင်မာနိတသိရီဘိဝံသနှင့် တွဲဖက်၍ ပြုစုခဲ့သည်။[၈၀][၈၁] ၁၉၇၆ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုးရှိ သမိဒ္ဓေါချောင်မှ ဆရာကြီး ဒေါ်မာလာရီ၏ အတ္ထုပတ္တိအဖြစ် သမိဒ္ဓေါဒယဆရာကြီး ဒေါ်မာလာရီ နှစ်ကိုးဆယ်ကျော် ဘဝခရီးကို ရွှေဟင်္သာဆရာတော်၏ တိုက်တွန်းချက်အရ ရေးသားပြုစုခဲ့သည်။[၈၂] ၁၉၇၇ ခုနှစ်တွင် ဒွါဒသမရွှေကျင်သာသနာပိုင် ရွှေဟင်္သာဆရာတော်ကြီး၏ ထေရုပတ္တိကို ရွှေဟင်္သာဆရာတော်၏ ဘဝနှင့်စာပေအထွေထွေဟူ၍ ပြုစုထုတ်ဝေခဲ့သည်။[၈၃]

၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိပိဋကဆရာတော် အမှူးပြုသော တပည့်ကြီးများက အရှင်၏ (၇၅) နှစ်ပြည့် စိန်ရတုဝိဇာတဂုရုပူဇာအဖြစ် အရှင်ရေးဖွဲ့ခဲ့သော ဂါထာများကို ဓမ္မဂီတိကာအမည်ဖြင့်လည်းကောင်း၊ စကားပြေပိုင်းဆိုင်ရာ ဆောင်းပါးစသည်တို့ကို ဓမ္မစာပေအထွေထွေအမည်ဖြင့်လည်းကောင်း စုစည်းထုတ်ဝေခဲ့ကြသည်။[၈၄] "လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်"၊ "အဘိဓမ္မာ မြတ်ဒေသနာ"၊ "ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် ဆင်ခြင်သုံးသပ်ခြင်း"၊ "ပဋ္ဌာန်းမြတ်ဒေသနာ"၊ သုတ္တန်အနှစ်ချုပ်များစသည့် အရှင်ဟောကြားခဲ့သော တရားတော်များကို အသံမှစာစီကာ ပုံနှိပ်ထုတ်ဝေခဲ့ရာ ဓမ္မစာစဉ်ပေါင်း ရာကျော်ထုတ်ဝေခဲ့ပြီးဖြစ်သည်။

0 Reviews