BOOK DETAILS

အရိပ်မဲ့ရုပ်ပုံလွှာ

Language : မြန်မာ
File Info :  

epub, kfx


ဒီဝတ္ထုကို 1981 June 7 မှာအဇ္ဇရေးလေတပ်ကအီရတ်မှာရှိတဲ့"တာမုဇ်" အဏုမြူဓာတ်ပေါင်းဖိုကိုဗုံးကြဲခဲ့တဲ့အဖြစ်မှန်နဲ့ စဖွင့်ထားပါတယ်။ကမ္ဘာကျော်စစ်မြေပြင်သတင်းထောက်ဒေးဗစ်မွန်ဂျာဟာဗီယက်နမ်စစ်မြေပြင်မှာကြုံခဲ့ရတဲ့ အဖြစ်ဆိုးတခုကြောင့်လူ့အသိုင်းအဝန်းမှဖယ်ခွါပြီး ဇာတ်မြှုပ်နေခဲ့ပါတယ်။ဒါပေမယ့်အကြောင်းတခုက ဒေးဗစ်မွန်ဂျာကိုလူ့လောကထဲပြန်ရောက်စေရုံမကမော့ဒ်ဆက်အေးဂျင့်တယောက်ဖြစ်အောင်တွန်းပို့ခဲ့ပါတယ်။စီအိုင်အေ, ပြင်သစ်ထောက်လှမ်းရေး,အီရတ်ထောက်လှမ်းရေး, မော့ဒ်ဆက်စတာတွေနဲ့ဇာတ်အိမ်ကိုစစ်တုရင်ကစားပွဲတခုလိုတန်စာဆင်ထားပြီးဆရာတင်မောင်မြင့်ရဲ့ဘာသာပြန်လက်ရာအတိုင်းအချစ်တရားရဲ့နူးညံ့မှု့၊ ရဲရင့်မှု့၊ စွန့်လွှတ်မှု့ ၊ စွန့်စားမှု့တွေကိုမြင်တွေ့ရမှာပါ။သဲထိတ်ရင်ဖို အချစ်ဝတ္ထုလို့ပြောရင်ရသလိုထောက်လှမ်းရေးနောက်ခံအချစ်ဝတ္ထုလို့ပြောရင်လည်း ရမှာပါ။

About Author

တင်မောင်မြင့်
2 Books

ဧရာဝတီတိုင်း ဟင်္သာတခရိုင် စစ်ကျွန်းရွာတွင် အဖ ဦးမောင်ဒွေး၊ အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်းအောင်ပြီး တောင်ကြီးမြို့၊ အစိုးရအထက်တန်းကျောင်း (ယခု အထက-၁) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE)တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ်နှင့် အငြိမ်းစားယူသည်။ ၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်း မဂ္ဂဇင်းတွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

1 Review



soe htet
1 year ago

နေဝင်းမြင့်စာအုပ်နဲ့မှားနေတယ်ခင်ဗျ