BOOK DETAILS

သွေးစုပ်မြေ

Language : မြန်မာ
File Info :  

KFX, EPUB, PDF, MOBI


သွေးစုပ်မြေ စာအုပ်သည် စာရေးဆရာ ရွှေဥဒေါင်း၏ ဘာသာပြန် စာအုပ်တစ်ခု ဖြစ်ပြီး မူရင်းစာရေးဆရာ Upton Sinclair ၏ The Jungle စာအုပ်ကို ဘာသာပြန်ဆိုရေးသားထားခြင်း ဖြစ်သည်။ အဓိကဇာတ်ဆောင်ဖြစ်သူ ယူရဂီသည် ဥရောပတိုက်အစွန်အဖျား နိုင်ငံငယ်လေးတစ်ခုဖြစ်သော လစ်သူယေးနီးယားနိုင်ငံမှ အမေရိကန်နိုင်ငံ ချီကာဂိုမြို့သို့ ရေကြည်ရာမြက်နုရာရှာဖွေသောအားဖြင့် မိသားစုလိုက် ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြရာတွင် အလုပ်ရှင်များ၏ အမျိုးမျိုးအဖုံဖုံသော ဂုတ်သွေးစုပ်မှုများ ငွေကြေးရှိသူများ၏ လိမ်ညာလှည့်စားမှု၊ မတရားပြုလုပ်မှုများကြောင့် မိသားစုတစုလုံးပြိုကွဲကွာ ဘဝပျက်ခဲ့ရပုံအကြောင်း နှင့် အလုပ်သမားလူတန်းစား၏ တော်လှန်သောသဘောတရားဖြစ်ထွန်းလာပုံအကြောင်းများကို ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

About Author

ရွှေဥဒေါင်း
7 Books

ရွှေဥဒေါင်း (၁၈၈၉- ၁၉၇၃) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်ပြီး ကျောင်းဆရာ၊ သစ်တောစာရေး၊ တောလိုက်စာရေး၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာအယ်ဒီတာချုပ်အဖြစ် ကျင်လည်ခဲ့သည်။ ပင်ကိုရေး၊ အမှီးနှင့် ဘာသာပြန်ဝတ္ထုတိုရှည်များ၊ ဗုဒ္ဓဝါဒ၊ တွေးခေါ်မြော်မြင်ရေး၊ အတ္ထုပ္ပတ္တိစာအုပ်များ ရေးသားခဲ့သည်။ အထူးသဖြင့် စုံထောင်မောင်စံရှား အမှီးဝတ္ထုများ၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်များမှာ ထင်ရှားသည်။ မြန်မာစာပေနယ်တွင် အမှီးဝတ္ထုပုံစံကို ထူးချွန်ပြောင်မြောက်စွာ တိုးချဲ့ဆန်းသစ်ခဲ့သည်။ ရရှိခဲ့သည့် စာပေဗိမာန်ဆုများမှာ မျှော်တလင့်လင့်ဖြင့် ၁၉၅၂ ခု ဘာသာပြန်ဆု၊ သွေးစုပ်မြေဖြင့် ၁၉၅၅ခု ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့် ၁၉၆၁ ခု သုတပဒေသာဆုများ ရရှိခဲ့သည်

0 Reviews