BOOK DETAILS

မေတ္တာမီးအိမ်

Language : မြန်မာ
File Info :  

epub, mobi, kfx


အဖြူ ဆိုတဲ့ကောင်မလေးတစ်ယောက်ရယ် ကိုလှဦး လို့အမည်ရတဲ့စိတ်‌ရောဂါကုဆရာဝန်တစ်ယောက်ရယ် ဒေါသကြီးလွန်းစွာသမီးဖြစ်သူကိုအတ္တကြီးစွာချစ်ခဲ့တဲ့ဖခင်တစ်ယောက်ရယ် သူတို့သုံးဦးကြားက ချစ်ခြင်းမေတ္တာတရားအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင်ရေးသားထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ အဖြူရဲ့မိခင်ဟာ ယောကျာ်းနှင့်သမီးဖြစ်သူကိုစွန့်ပစ်ကာ နောက်အိမ်ထောင်ပြုသွားခဲ့တဲ့အတွက်ကြောင့် အဖြူရဲ့ဖခင်ဖြစ်သူဟာ သမီးကိုလည်းသူ့အနားမှ ထွက်သွားမှာစိုး၍ အလွန်စည်းကမ်းတင်းကြပ်စွာချုပ်ခြယ်ပြီးအုပ်ထိန်းခဲ့တယ်။ တင်းလွန်ရင် ပြတ်တတ်တယ် ဆိုတဲ့စကားပုံလေးအကြောင်းကြားဖူးကြမယ်ထင်ပါတယ်။ ဒီစကားပုံလေးလိုပဲ အဖြူ ဟာ ဖခင်ရဲ့လွန်စွာချုပ်ခြယ်လွန်းမှုအောက်မှ လွတ်မြောက်ချင်တဲ့အတွက်ကြောင့် စိတ်၏လွတ်မြောက်ရာကိုရှာရာမှ ဖခင်သေသွားပြီဆိုတဲ့ အိပ်မက်များစတင်မက်ကာ အိပ်မက်နိုးလာလျှင်လည်းဖခင်ကမလွတ်မကျွတ်ဘဝနှင့် သူ့အနားမှာရှိနေသေးတယ် ဟုစိတ်ဝေဒနာကိုစတင်ခံစားခဲ့ရတယ်။ ဆေးရုံသို့ဆေးခန်းသွားပြရာမှ ကိုဦး ဆိုတဲ့ဆရာဝန်လေးနှင့်တွေ့ဆုံကာ အချင်းချင်းမေတ္တာသက်ဝင်ခဲ့ကြသော်လည်း ရောဂါပျောက်ပြီး အိမ်သို့ပြန်ရောက်သောအခါ ကိုဦးဆိုတဲ့လူကိုသတိမရတော့ဘဲမေ့သွားခဲ့သည်။ ဖခင်ကလည်း သမီးကို ထိုဆရာဝန်နှင့်သဘောမတူ၍ ကိုဦးအကြောင်း လုံးဝစကားအစမဖော်ခဲ့ပေ။ ဒီလိုနှင့်ပင် အဖြူက ချုပ်ခြယ်ခံရမှု‌ကြောင့်စိတ်ကျဉ်းကျပ်ပြီး ရောဂါပြန်ပြန်ဖြစ်လာသည့်ညအခါတိုင်း အိပ်မက်ထဲတွင် ကိုဦးက မီးအိမ်လေးကိုင်မြှောက်ပြနေသည်ကိုမက်ကာ နိုးလာသည်နှင့် ကိုဦးကိုသတိရပြီး ဖခင်သေသွားပြီဟုထင်မှတ်လေ့ရှိပြီး ကိုဦးရှိရာဆေးရုံသို့သွားရောက်နေထိုင်လေ့ရှိသည်။ ဒီလိုမျိုး အမှန်တရားကိုမရင်ဆိုင်ရဲဘဲ တယောက်ကိုမေ့ပစ်လိုက်၊ ပြန်သတိရလိုက်နှင့် သံသရာလည်စွာရောဂါခံစားနေရသည့်အဖြူ့ကို ကိုဦးက‌မေတ္တာလွှမ်းခြုံသောစိတ်ဖြင့် အဖြူသတ္တိရှိစွာ အမှန်တရားကိုရင်ဆိုင်ရဲအောင် ဘယ်လိုမျိုးကုသပေးမလဲ...အဖြူ့ဖခင်ကရောအဖြူရောဂါပျောက်ကင်းသွားတဲ့အခါ တစ်ကိုယ်ကောင်းဆန်စွာ မာန်မာနကြီးချုပ်ခြယ်ခြင်းတွေကိုပြုပြင်နိုင်မှာလား..ဆိုတာဒီစာအုပ်လေးကိုဆက်လက်ဖတ်ကြည့်ကြပါနော်။ ကိုဦးနဲ့အဖြူတို့ရဲ့ခိုင်မြဲလေးစားဖွယ်ကောင်းတဲ့ချစ်ခြင်းမေတ္တာတရားများကိုလည်းစိတ်အေးချမ်းကြည်နူးဖွယ်ဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အချစ်ကြီးပေမယ့်ချစ်နည်းမှားခဲ့တဲ့ မိဘအကြောင်းနှင့် လွန်စွာချုပ်ခြယ်ခံရမှုတို့မှလွတ်လမ်းရှာဖွေသောသားသမီးအကြောင်းကိုလည်းရေးဖွဲ့ထားတာဖြစ်တဲ့အတွက် လူတိုင်းလိုလိုဖတ်ကြည့်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။

About Author

ကြည်အေး
5 Books

၁၉၂၉ ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းရပ်၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ဦးဟန် နှင့် ဒေါ်ငွေယုန်တို့ဖြစ်၍ ကုန်သည်လုပ်ငန်းလုပ်ကိုင်ကြသည်။ အမည်ရင်းမှာ မကြည်ကြည်တင်မြင့်(ခေါ်) ဒေါ်သောင်းကြည် ဖြစ်သည်။ ကြည်အေး၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမ ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) ၂၀၀၃ ဒုကြိမ် နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

0 Reviews