BOOK DETAILS

မော့ဆက်

Language : မြန်မာ
File Info :  

epub, kfx


About Author

တင်နွယ်မောင်
1 Book

စာရေးဆရာ တင်နွယ်မောင်ကို အဖေ ဦးဘလွန်း၊ အမိ ဒေါ်လှကြည်တို့က ၁၉၄၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပန်းတနော်မြို့၌ မွေးဖွားသည်။ မွေးချင်း ခုနစ်ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အမည်ရင်း ဦးကျော်မြင့် ဖြစ်သည်။

ငယ်စဉ်က ပန်းတနော်မြို့ ဝိုင်အမ်ဘီအေကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အင်္ဂလိပ်စာအဓိကဖြင့် ဝိဇ္ဇာဘွဲ့ကို ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ရရှိခဲ့သည်။

၁၉၆၇ မှ ၁၉၉၃ ခုနှစ်အထိ မြန်မာ့သတင်းစဉ် (နိုင်ငံခြားသတင်းဌာန) တွင် အယ်ဒီတာ၊ စာတည်းမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၆၈ ခုနှစ်တွင် သတင်းပညာ ဒီပလိုမာဘွဲ့ကို ချက်ကိုစလိုဗက်နိုင်ငံမှ လည်းကောင်း၊ ၁၉၇၉ ခုနှစ်တွင် သတင်းစာ သင်တန်းကို ဩစတေးလျနိုင်ငံ (ဆစ်ဒနီမြို့) တွင် လည်းကောင်း တက်ရောက်သင်ကြား အောင်မြင်ခဲ့သည်။

၁၉၈၁ ခုနှစ်မှ စ၍ စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် စတင်ရေးသား ထုတ်ဝေခဲ့သော ကမ္ဘာကျော် အစ္စရေး လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အကြောင်း ရေးသားထားသည့် 'မော့ဆက်' ဘာသာပြန် စာအုပ်သည် ခုနစ်ကြိမ်တိုင်တိုင် ထုတ်ဝေခဲ့ရသည်။ ဘာသာပြန်စာအုပ်ပေါင်း အုပ်ရေ ၃၀ ကျော် ရေးသား ထုတ်ဝေခဲ့သည်။

တင်နွယ်မောင်၊ ဂျုပီတာ၊ ကိုကိုကျော်၊ ကျော်ဘောဂ၊ ဂျော့ဘလွန်း ကလောင်အမည်များဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များ၊ ပညာပေး စာစောင်များတွင် ဆောင်းပါးများ၊ ရသစာတန်းများ၊ အိမ်ထောင်ရေး ဆောင်းပါးများ ရေးသားခဲ့သည်။ သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ၊ ဆရာဇော်ဂျီ၏ ကဗျာများကိုလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ရေးသားခဲ့သည်။

အင်တာနေရှင်နယ် ဘာသာပြန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မြန်မာတိုင်း(မ်) ဂျာနယ်တွင် အယ်ဒီတာအဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။ စာရေးဆရာ တင်နွယ်မောင်သည် အင်္ဂလိပ်ဘာသာရပ်နှင့် ဘာသာပြန်စာပေ ဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်ခဲ့သည်။

စာရေးဆရာ၊ သတင်းစာဆရာ ဆရာတင်နွယ်မောင် (ဦးကျော်မြင့် - ပန်းတနော်) သည် ၁၀၊ ၄၊ ၂၀၀၆ တွင် ယူအိတ်ချ်စီ (UHC) အထူးကုဆေးခန်း၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်နွယ် ကထိက(ငြိမ်း) နှင့် သားကြီး မောင်မင်းစိုး၊ သမီးကြီး ဒေါက်တာသီတာစိုးနှင့် သမီးငယ် ခင်မော့ဆက်တို့ ကျန်ရစ်ခဲ့သည်။

0 Reviews