BOOK DETAILS

ဆန်းကြယ်မုဆိုး ဝတ္တုတိုများ

Language : မြန်မာ
File Info :  

epub, kfx


About Author

ဖိုးကျော့
2 Books

စာရေးဆရာ ဖိုးကျော့ကို (၁၃၀၂) ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁)ရက်(၄.၈.၁၉၄၀)ရက်နေ့တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ အဖ-ဦးဘောက်ဖြူ၊ အမိ-ဒေါ်ချက်တောင်းမတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။ မွေးချင်း(၉)ယောက်အနက်မှ တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဆရာဖိုးကျော့သည် ယခုအချိန်ထိ ဝတ္ထုတို(၇၀)ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ်(၂၀)ကျော်၊ လုံးချင်း(၃၀)ခန့် ရေးသားပြီးဖြစ်သည်။ ယခင်က ပြည်သူ့ဂုံနီစက်ရုံတွင် စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စာပေ များ ဆက်လက်ရေးသားလျက် အမှတ်(၂)၊ စပယ်(၂)လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်တွင် ဇနီး-ဒေါ်ကြူကြူ ဝင်း၊ သားသမီး(၂)ဦးတို့နှင့်အတူ နေထိုင်လျက်ရှိ သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော ၁၀ ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲအခမ်းအနားမှ မြေဆီမည်းမည်း သွေးရဲရဲစာအုပ်ဖြင့် မဲခေါင်စာပေဆု ချီးမြှင့်ခဲ့ပါသည်။

0 Reviews