ဦးဖေမြင့် (၁၅ ဒီဇင်ဘာ ၁၉၄၉ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝကစ၍စာများ စတင်ရေးသားသည်။ အစပိုင်းတွင် ဘာသာပြန်ဝတ္ထုများ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စ၍ ပင်ကိုယ်ရေးဝတ္ထုတိုများ ရေးသားသည်။ ၁၉၈၉ ခုနှစ်စ၍ အတ္ထုပ္ပတ္တိနှင့် အသုံးချစိတ်ပညာဆိုင်ရာစာပေများ ရေးသားပြုစုခဲ့သည်။
“စာပေဂျာနယ်” ကို စတင်စီစဉ်သူတစ်ဦးဖြစ်၍ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ဇန်နဝါရီမှ ၁၉၉၁ အကုန်ပိုင်းအထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလက စတင်၍ “ဒီလှိုင်းမဂ္ဂဇင်း” ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကများစွာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိမချမ်းသာသေးတာလဲ စသည့် စာအုပ်များသည် ဆရာဖေမြင့်၏ အောင်မြင်ကျော်ကြားသော စာအုပ်များ ဖြစ်ကြသည်။ ဆရာဖေမြင့်သည် လူသုံးကုန်ပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများစာအုပ်ဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့သည်။
ကလောင်ခွဲ ဇော်ငြိမ်းဖြင့် အမေရိကန်စာရေးဆရာ လူးဝီလာမား၏ ကောင်းဘွိုင်ဝတ္ထုများကို ဘာသာပြန်ဆိုခဲ့ဖူးသည်။
Nice Book
မေတ္တာရှာပုံတော်
ကန္တာရခရီးသည်
သာ၍ ဝေးရာ ဆီကိုပါ
ရွှယ်ဟွားနှင့်လျှို့ဝှက်ယပ်တောင်
1 Review
Htet Lin Tun
2 years agoNice Book