BOOK DETAILS

ချေဂွေဗားရား

Language : မြန်မာ
File Info :  epub

About Author

လင်းယုန်မောင်မောင်
2 Books

မုံရွာ မြို့တွင် အဖ ဦးအောင်သိန်း၊ အမိ ဒေါ်လှကြည် တို့က ၁၉၂၅ ခု ဧပြီလ ရ ရက် အင်္ဂါနေ့တွင် မွေးဖွား ခဲ့သည်။ သားကြီး ဩရသ ဖြစ်၍ ငယ်နာမည် မောင်ရွှေ ဖြစ်သည်။၁၉၅၇ ခုနှစ်တွင် စာရေး ဆရာ ဗန်းမော် တင်အောင် ဦးစီး ထုတ်ဝေသော "လင်းယုန် ဂျာနယ်" ၌ အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့ ရာမှ "လင်းယုန် မောင်မောင်" ဟူ၍ ကလောင် အမည် ရလာ ခဲ့သည်။ ၁၉၅၈ - ၅၉ တွင် သမက်၊ သတင်းစာ ဆရာမ စသည့် ဆိုဗီယက် ဝတ္ထုများ ဘာသာ ပြန်ခြင်းဖြင့် စာပေနယ်တွင် ခြေချ ခဲ့သည်။ လင်းယုန် သတင်းစာ (၁၉၅၉)၊ လမ်းစဉ် သတင်းစာ (၁၉၆ဝ)၊ ဗိုလ်တထောင် သတင်းစာ (၁၉၆၁)၊ မော်ကွန်း သတင်း မဂ္ဂဇင်း (၁၉၆၂)၊ ချင်းတွင်း ဂျာနယ် (၁၉၆၄)၊ ရှုထောင့် ဂျာနယ် (၁၉၆၈)၊ ရုပ်ရှင် သတင်းစဉ် (၁၉၇၉)၊ လုံမလေး မဂ္ဂဇင်း (၁၉၈၅) စသည် တို့တွင် အယ်ဒီတာ အဖြစ် ၁ဝ နှစ် ကျော်မျှ ဆောင်ရွက် ခဲ့သည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာ နိုင်ငံ)၊ မြန်မာ နိုင်ငံ စာပေ ပြန့်ပွားရေး အသင်း (၁၉၆ဝ) နှင့် အမျိုးသား စာပေ ညီညွတ်ရေး အဖွဲ့ (၁၉၆၂) စသည့် အဖွဲ့အစည်း များတွင် ပါဝင် ဆောင်ရွက် ခဲ့သည်။

လုံးချင်း စာအုပ် ၅ဝ ကျော်ခန့် ရေးသား ခဲ့သည်။ ထင်ရှားသော စာအုပ် အချို့မှာ အိုက်ခ်မန်း၏ ငရဲခန်း (၁၉၆၅)၊ ဟစ်တလာ (၁၉၆၅)၊ ကပ်စထရို(၁၉၆၆)၊ သွေးစွန်းသော နေ့ရက်များ (၁၉၆၆)၊ ယနေ့ ကမ္ဘာ (၁၉၆၇)၊ ချေဂွေဗားရား (၁၉၆၇)၊ ဟိုချီမင်း (၁၉၇ဝ)၊ မှောက်မိုက်သော နေ့ရက်များ (၁၉၇၁)၊ လူသတ်ဆရာဝန်(မသိရ)၊အက်ဖ်ဘီအိုင် မှုခင်းများ (၁၉၇၁)၊ တောင်ကုန်း အမှတ် ၁၉၂ (၁၉၇၂)၊ ကြီးသုံးကြီး လုပ်ကြံရန် ဟစ်တလာ၏ အကြံ (၁၉၇၃)၊ အက်ဖ်ဘီအိုင် အတွင်းရေး (၁၉၈၁)၊ ဂျူလီယာ (၁၉၈၁)၊ ထောင်ပြေး စပိုင် (၁၉၈၅)၊ သေရွာပြန် စာရင်း (၁၉၉၉)၊ မေတ္တာရှင် စေတနာရှင် ကရုဏာရှင် သူတော်စင် မာသာထရီဆာ (၁၉၉၉) တို့ ဖြစ်ကြသည်။

0 Reviews