BOOK DETAILS

ပထမ

Language : မြန်မာ
File Info :  mobi

၈၈ အရေးအခင်းအချိန်က တက်ကြွစွာ ပါဝင်ခဲ့သလို စစ်တပ်မှ အာဏာသိမ်းပြီး နောက်နေ့၌ စစ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲကို စခန်းချရာ ဆေးရုံကြီးမှ မြို့တော်ခန်းမအထိ ဦးဆောင်ဆန္ဒပြခဲ့သူ၊ နောက်မကြာခင် မြို့ထဲ၌ ရှိစဉ် တပ်မ ၃၃ မှ စစ်ကားများဖြင့် ပိတ်ဆို့ဖမ်းဆီး ခြင်းကို ခံခဲ့ရသူ၊ ထို့နောက် ပုဒ်မ ၁၀ (က) ဖြင့် အရေးယူခြင်း ခံခဲ့ရသူ လူရွှင်တော် ဇာဂနာက သူ၏ ပထမဦးဆုံး ထောင်တွင်းအတွေ့အကြုံများကို ပြန်လည်ဖောက်သည်ချ ရင်ဖွင့်ထားခြင်းဖြစ်သည်။ သူနှင့် အတူ သရုပ်ဆောင် ဇင်ဝိုင်း၊ ဇာတ်မင်းသား မိုးဝင်း၊ ကိုညီဝင်းစိန်၊ ဒါရိုက်တာ ဦးအောင် မြင့်မြတ်၊ စပယ်ဦး ဦးတင်ဦးတို့ပါ တစ်ချိန်တည်း အဖမ်းခံခဲ့ရရာ ထိုသူများနှင့် တစ်ဆောင်တည်း အင်းစိန်ထောင်တွင်းတွင် အကျဉ်းချထားခြင်း ခံခဲ့ရသည်။ ထောင်အတွေ့အကြုံများသာမက စစ် ထောက်လှမ်းများ၏ မည်မျှ ရက်စက်နှိပ်စက်ကြပုံ၊ ထောင်ဝန်ထမ်းများအကြောင်း၊ ထောင်တွင်း အစားအသောက်နှင့် နေထိုင်ရမှု မည်မျှ နိမ့်ကျပုံ၊ သူနှင့် ထောင်ကျဖက်များဖြစ်ကြသည့် ဇင်ဝိုင်း၊ မိုး ဝင်း၊ ဦးအောင်မြင့်မြတ်၊ စပယ်ဦး ဦးတင်ဦးတို့၏ ထောင်တွင်းဘဝဖြတ်သန်းမှုတို့ကိုပါ စိတ်ဝင်စား ဖွယ် ရေးသားထားသည်။ ဇာဂနာသည် ဤစာမူကို ၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ထောင်မှ လွတ် ပြီး ၂ ရက်အကြာတွင် စာဖြင့် မှတ်တမ်းတင်ချရေးထားခြင်းဖြစ်ပြီး ထိုစဉ်က လုံခြုံရေးအခြေအနေ အရ စာမူမှာ လန်ဒန်သို့ သံရုံးမှတဆင့် ပို့ထားခဲ့ရသည်။ ယခုမှ ၎င်းစာမူကို စာအုပ်အဖြစ် ရိုက်နှိပ် လိုက်ခြင်းဖြစ်သည်။ သူကလည်း “... ကျော်လွှားပြီးမှသာ ရယ်စရာ ပြောနိုင်ခဲ့သော်လည်း ဖြတ်သန်းစဉ်မှာ ခက်ခဲလှပါသည်။ သေချာသည်ကတော့ တကယ့်အဖြစ်အပျက်များသည် မေ့ ပစ်လိုက်မဟုတ်ပါချေ..”ဟု စာအုပ် နိဂုံးတွင် ဆိုထားသည်။ ဖမ်းဆီးခံရပြီး စစ်ကြောရေးဌာန ရောက်သွားစဉ်က သူ၏ ပထမဆုံးအတွေ့အကြုံကို စာအုပ်အစပိုင်းတွင် စိတ်ဝင်စားဖွယ် ရေးသား မှတ်တမ်းတင်ထားရာ ၎င်းကို ဖော်ပြလိုက်ပါသည်။

About Author

ဇာဂနာ
1 Book

ဇာဂနာ ခေါ် မောင်သူရ သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။ သူသည် မြန်မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသော အရာကို နှုပ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန်မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အဖြစ် လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများဖြစ် စစ်အစိုးရကို ဝေဖန်သော သူတစ်ဦးအဖြစ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လူသိများသည်။ သူရသည် ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဒဂုန်(၁) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ရန်ကုန်တက္ကသိုလ်မှ သွားဘက်ဆိုင်ရာဆရာဝန်အဖြစ် ဒီဂရီ ရခဲ့သည်။ သွားဘက်ဆိုင်ရာ ကျောင်းတွင် တက်ရောက်နေစဉ်၊ ချင်းပြည်နယ်တွင် လုပ်အားပေး ပညာသင်ကြားရေးအတွက် ဆရာတစ်ယောက်အနေဖြင့် ပါဝင်ခဲ့ပြီး၊ ထိုအတွေ့အကြုံများကို နိုင်ငံတော်စာပေဗိမ္မာန် စာပေတိုက် မှ စာအုပ် ထုတ်ဝေခဲ့သည်။

0 Reviews