BOOK DETAILS

ဤလောကမြေမဟီဝယ်

Language : မြန်မာ
Publisher :  စိတ်ကူးချိုချို
Pages :  222
File Info :  

mobi, azw3, kfx, epub


ဤလောကမြေမဟီဝယ် သည် ၁၉၇၀ ခုနှစ်၊ အမျိုးသားစာပေဆု ရရှိခဲ့သည့် စာအုပ်လည်း ဖြစ်သည်။ ဤစာအုပ်တွင် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ စစ်ကြီးပြီးစခေတ်၊လွတ်လပ်ရေးခေတ်၊ ဖဆပလနိုင်ငံရေးအကွဲအပြဲခေတ်များ၏ တောနှင့် မြို့မှ လူ့သရုပ်များကို ပီပြင်စွာ ရေးသားဖော်ပြထားသည်။

About Author

သော်တာဆွေ
7 Books

သော်တာဆွေသည် ကျော်ကြားသော ဟာသစာရေးဆရာတစ်ယောက်ဖြစ်သည်။ အမည်ရင်းမှာ ဦးကြင်ဆွေဖြစ်သည်။ စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၂၆ရက် တနင်္လာနေ့တွင် ပေါင်းတည်မြို့ အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက် ဖြစ်သည်။ ဇာတာအမည်မှာ မောင်ချစ်လှိုင် ဖြစ်ပြီး ငယ်မည်မှာ ဘိုနီ ဖြစ်သည်။ ကျောင်းနေရွယ် ကျောင်းအပ်သောအခါ မောင်ကျင်မောင် ဟူသောအမည်ဖြင့်ဖြစ်ပြီး ကြီးပြင်းလာသောအခါ မောင်ကြင်ဆွေဟု အမည်တွင်သည်။ငယ်စဉ်ကပင် စာ၊ ကဗျာစသည်တို့ကို ဝါသနာပါခဲ့ပြီး ကျောင်းသားဘဝကတည်းက ကဗျာများ ရေးသားခဲ့ဖူးသည်။ ဖခင်ကြီးက အိမ်ပေါ်မှ နှင်ချသည့်အခါ စိတ်အညစ်ကြီးညစ်ကာ ရှုမဝမဂ္ဂဇင်းတွင် ဟာသဝတ္ထုများ စတင်ရေးသားသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် ရှုမဝတွင် ပထမဆုံး စာမူပါလာသည်။ ဘရန်ဒီတစ်ပုလင်း သည် အဦးဆုံးဝတ္ထုတို ဖြစ်သည်။

ယင်းနောက် ဆရာကြီး ရွှေဥဒေါင်းနှင့်တွေ့ကာ စာများ စရေးဖြစ်ခဲ့ပြီး စုံထောက်ဝတ္ထုများ ရေးဖြစ်လာသည်။ ရှုမဝမှ အပါယ်ရတနာ (၁၉၄၇)၊ ရန်အောင် ရတနာ (၁၉၄၈) စသော စာအုပ်များ ထွက်ခဲ့သည်။ နောက်ပိုင်းတွင် အခြား စာစောင်မဂ္ဂဇင်းများတွင် ကူးပြောင်း ရေးသားခဲ့သည်။ ရှုမဝ စာအုပ်တိုက်မှ ဆရာသော်တာဆွေ၏ စာအုပ်များ ဆက်ထွက်လာသည်။ ၁၉၅၉ ခုနှစ်တွင် အဟိ လစဉ် ဟာသမဂ္ဂဇင်းကို ကိုယ်တိုင်စတင် တည်းဖြတ်ထုတ်ဝေသည်။ သော်တာစာပေ အမည်ဖြစ် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ နိုင်ငံများသို့ စာပေလေ့လာရေး ခရီးသွားခွင့် ရခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “သတ္တဝါတို့၏ သံသရာ” စာအုပ်ဖြင့် အနုပညာစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အဟိ မဂ္ဂဇင်း ရပ်ဆိုင်းသွားသည်။ လုံးချင်းစာအုပ်များ ဆက်လက်ရေးသား ထွက်ရှိခဲ့သည်။

0 Reviews