BOOK DETAILS

ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ

Language : မြန်မာ
File Info :  epub, kfx

About Author

ကြေးမုံ ဦးသောင်း
1 Book

၁၉၂၆ ခု အောက်တိုဘာ ၄ တွင် မြန်မာပြည် ညောင်ဦးမြို့၌ ကုန်သည် မျိုးရိုး အဖ ဦးသာဖန်နှင့် အမိ ဒေါ်အုပ် တို့က ဖွားမြင်သည်။ ကြေးမုံ ဦးသောင်း ကြေးမုံ ဦးသောင်း မွေးသက္ကရာဇ် ၁၉၂၆ ခု အောက်တိုဘာ ၄ မိဘ အဖ ဦးသာဖန်+အမိ ဒေါ်အုပ် အမည်ရင်း မောင်သောင်း မွေးရာဇာတိ ညောင်ဦးမြို့ နိုင်ငံ မြန်မာ အလုပ်အကိုင် စာရေးဆရာ၊ ဂျာနယ်လစ်။ ထင်ရှားကျော်ကြားမှု သတင်းစာကို လွတ်လွတ်လပ်လပ်ရေးဝံ့သူ ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ ၁၉၂၆ ခု အောက်တိုဘာ ၄ တွင် မြန်မာပြည် ညောင်ဦးမြို့၌ ကုန်သည် မျိုးရိုး အဖ ဦးသာဖန်နှင့် အမိ ဒေါ်အုပ် တို့က ဖွားမြင်သည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန့်ပီတာကျောင်း၊ ညောင်ဦးမြို့ အထက်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့သည်။

မာတိကာ ၁ စာပေလောကသို့ ဝင်ရောက်ခြင်း ၂ အိမ်ထောင်ရေး ၃ အမေရိကန်သို့ ရောက်ရှိခြင်း ၄ ပြည်ပစာနယ်ဇင်းလောကတွင် လှုပ်ရှားမှု ၅ သတင်းစာသူရဲကောင်းဘွဲ့ ၆ ဘဝနိဂုံး ၇ ရေးသားခဲ့သော စာအုပ်များ ၈ ကိုးကား စာပေလောကသို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်] ၁၉၃၇ ခုနှစ် ကျောင်းလက်ရေးစာစောင်များမှ စတင်၍ စာရေးသားခဲ့ပြီးနောက် ဆရာကြီးသည် ဇဝနဂျာနယ်၊ ဒဂုန်မဂ္ဂဇင်းတို့တွင် ကဗျာ၊ ဟာသ၊ သရော်စာ၊ ပြဇာတ် စသည့် ရသစာပေများရေးသားကာ စာပေလောကသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလဆန်း ဂျာနယ်ကျော်တွင် ရေးသားပါရှိခဲ့သော “ဆီးသီးကြွေချိန်” ဝတ္ထုသည် ဆရာကြေးမုံဦးသောင်း၏ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့် ဝတ္ထုဖြစ်သည်။ (အောင်ဗလ ကလောင်အမည်ဖြင့်လည်း ဟာသစာပေ များလည်းရေးသားခဲ့သည်။) ဆရာဦးသောင်းသည် သတင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရေးသားသောအခါ ‘ကြေးမုံ ဦးသောင်း’ အမည်ကို သုံးလေ့ရှိပြီး ရသစာပေ၊ သရော်စာများ ရေးသားသောအခါ ‘အောင်ဗလ’ အမည်ကို အသုံးပြုသည်။ ထိုကလောင် ၂ ခုစလုံးလည်း ထင်ရှားသည်။

ဆရာ့စာပေများထဲက အများအတွက် အထင်ကရ ဖြစ်သည့် စာမူမှာ ပုဂံမြို့က တဝဂူဇာတ်လမ်း ဖြစ်ပါသည်။ အချစ်အတွက် တဝဂူထဲတွင် ပိတ်ဆို့သတ်ပစ်တာကို ခံခဲ့ရသည့် စောင်းဆရာလေးနှင့် ချစ်သူမိန်းကလေးတို့အကြောင်းကို ရေးသားခဲ့ခြင်းဖြစ်ပြီး ‘တဝဂူမှ ဂီတ’ဆိုတဲ့ အမည်နှင့် ရေးသားပုံနှိပ်ခဲ့သည်။ ထိုဝတ္ထုကို ၁၉၄၅ ခုနှစ်အတွင်း ဂျပန်အထွက် အင်္ဂလိပ်စစ်တပ်က ညောင်ဦးမြို့ကို ပြန်သိမ်းသောအချိန် မြို့သူမြို့သားများက ဘုရား၊ကျောင်းကန်သို့ ပြေးလွှားပုန်းခိုရသည့်အချိန်တွင် စိတ်ကူးရ ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။ ထိုဝတ္ထုကို ဘိုကလေးတင့်အောင်က ပြဇာတ်အဖြစ် တင်ဆက်ခဲ့သလို တေးသံရှင် တင်တင်မြ ကလည်း ‘ပုဂံမြို့ဟောင်း တနေရာ’ အမည်နှင့် သီချင်းအဖြစ် သီဆိုခဲ့ပါသည်။

၁၉၄၈ ခု တက္ကသိုလ်ဝင်စာမေးပွဲ အောင်သည်။ ဗမာ့ခေတ် သတင်းစာ သတင်းထောက်အဖြစ် ၁၉၄၇ ခုက သတင်းစာလောကသို့ ဝင်သည်။ ဗမာ့ခေတ်မှာပင် အယ်ဒီတာချုပ်အဖြစ် တိုးမြှင့် အမှု ထမ်းရသည်။

1 Review



Linn Naing
1 week ago

Downမရဘူးဗျ