BOOK DETAILS

ဒေါ်အောင်ဆန်းစုကြည်အတွက်စာတစ်စောင်

Language : မြန်မာ
File Info :  epub, kfx

About Author

မသီတာ (စမ်းချောင်း)
1 Book

မသီတာ(စမ်းချောင်း) ကို ၁၉၆၆ခုနှစ်၊ ရန်ကုန်မြို့ စမ်းချောင်းတွင် ဦးမြင့်သောင်းနှင့် ဒေါ်လီလီတို့က မွေးဖွားသည်။ ၁၉၈၄ တွင် ဝတ္ထုတိုများကို မဂ္ဂဇင်းအသီးသီးတွင် စတင်ရေးသားခဲ့သည်။ ၁၉၉၀ တွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ၁၉၉၃ တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၁၉၈၄-၈၅ ခုနှစ်ကတည်းက စတင်ပြီး မဂ္ဂဇင်းဝတ္ထုတိုများ ရေးသားခဲ့ရာ ပထမဆုံးပုံနှိပ်ဖော်ပြခံရသည့် ဝတ္ထုတိုမှာ ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ သဘင်မဂ္ဂဇင်းပါ "ဗာဒံရိပ်" အမည်ရှိ ဝတ္ထုတိုဖြစ်ပါသည်။၁၉၉၅-၉၆ ခုနှစ် အကျဉ်းကျနေစဉ်ကာလများအတွင်း Reebok Human Rights award, Barbara Goldsmith Freedom to Write PEN award, Honor award from AAAS(American Association of Arts and Science) ဆုများ ချီးမြှင့်ခံခဲ့ရသည်။

၁၉၉၉ ခုနှစ်တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာခဲ့ပြီး အရောင်စစ်နေကြာ လုံးချင်းဝတ္ထုရှည်၊ ချိုရှရှပျားရည်နွံအပါအဝင် မဂ္ဂဇင်းဝတ္ထုတိုများစာအုပ်၊ ရောင်စဉ်များရဲ့ အဇ္ဈတ္တနှင့် ရသနယ်ခြား အတွင်းရေးအမည်ရှိ ဝတ္ထုတိုနှင့်ရသစာရေးဆရာများအင်တာဗျူးစာအုပ်များကို ထုတ်ဝေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးဖြတ်သန်းမှုများနှင့် ထောင်တွင်းဖြတ်သန်းမှုများကို ဝိပဿနာတရားအားထုတ်မှုအတွေ့အကြုံများဖြင့် ရက်ယှယ်ရေးသားထားသော ဖြတ်သန်းမှုမှတ်တမ်း (Memoir) စာအုပ်ဖြစ်သည့် "စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်" ကို ထုတ်ဝေခဲ့ရာ တစ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်အဖြစ် စံချိန်တင်ခဲ့သည်။ အဆိုပါ စာအုပ်ဖြင့်ပင် စာပေချစ်သူများက ပေးအပ်သော လင်္ကာစာပေဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

၂၀၁၀ ခုနှစ်တွင် နော်ဝေနိုင်ငံ၊ စာရေးဆရာသမဂ္ဂက ချီးမြှင့်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆု၊ ၂၀၁၆ ခုနှစ်တွင် ဗားကလပ်ဟာဗယ်စာကြည့်တိုက်ဖောင်ဒေးရှင်းက ချီးမြှင့်သော Disturbing the Peace Award [၂]တို့ကို ထပ်မံချီးမြှင့်ခြင်းခံခဲ့ရပါသည်။

ဆရာမ မသီတာ (စမ်းချောင်း) သည် သတင်းသမားတစ်ဦးအဖြစ်လည်း မြန်မာအင်ဒီပဲဒန့်ဂျာနယ်၊ ပဲ့တင်သံဂျာနယ်တို့တွင် အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာ အစရှိသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ ရွှေအမြုတေမဂ္ဂဇင်းတွင် ရွှေအသစ်ကဏ္ဍကို တာဝန်ယူဖတ်ရှု၍လည်းကောင်း၊ ရွှေအမြုတေ မဂ္ဂဇင်း အမှုဆောင်အယ်ဒီတာအဖြစ်လည်းကောင်း၊ အင်ဖိုဒိုင်ဂျက်စ် ဂျာနယ် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ရင်း စာပေများ ဆက်လက်ရေးသားဖန်တီးလျက်ရှိပါသည်။

0 Reviews