BOOK DETAILS

ကျွန်မကိုယ်ထဲက မိန်းမ

Language : မြန်မာ
Publisher :  Whisper Of Words (https://t.me/TheBookR)
File Info :  

Epub


ဘရစ်တနီဟာ သာမန် ပေါ့ဘုရင်မဆိုတာထက်ဘာများပိုလို့လဲ။ အဓိက အကြောင်းအရင်းက စာအုပ်နာမည်နဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ ဘရစ်တနီရဲ့ နာမည်ကျော် သီချင်းစာသားတစ်ခုကိုမှတ်မိကြမယ် ထင်ပါရဲ့။ I am not a Girl , Not yet a Woman ဆိုတဲ့ စာသားပါ။ ဘရစ်တနီဟာ မြီးကောင်ပေါက်အရွယ်ထက် နည်းနည်းပဲပိုကြီးတဲ့ ကာလအတွင်းအောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့တယ် နာမည်ကျော်ကြားတယ် လှတယ်ငွေကြေးပြည့်စုံတယ် ဒါပေမယ့် တစ်ချိန်တည်း လိုလိုမှာပဲ လောကဓံဒဏ်ရာတွေ အပြင်းအထန်ခံရတယ် အချစ်ရေး ပြိုကွဲတယ် မူးယစ်သားကောင်ဖြစ်တယ်မီဒီယာတွေကအချိန်ပြည့်စောင့်ကြည့်နေတာ ခံခဲ့ရတယ်။သာမန်လူတစ်ယောက်အနေနဲ့ဆိုရင်လူ့ဘဝကနေတောင်လွင့်ထွက်သွားစေမယ့်အတွေ့အကြုံတွေပေါ့ ဒါပေမယ့် ဘရစ်တနီဟာ ခက်ခက်ခဲခဲ ရုန်းကန်ကျော်ဖြတ်နိုင်ခဲ့တယ် နောက်ဆုံးမှာ သူ့ကိုယ်ထဲမှာ ရှိတဲ့ရင့်ကျက်တည်ငြိမ်တဲ့အမျိုးသမီးကို သူကိုယ်တိုင်ပဲ  ရှာဖွေတွေ့ရှိသွားတော့တာပါပဲဒီအကြောင်းတွေကိုရင်တထိတ်ထိတ်နဲ့ ဖတ်ရမယ့် စာအုပ်ပါပဲ။

About Author

ဝင်းငြိမ်း
1 Book

အမည်ရင်း ဦးဝင်းငြိမ်းဖြစ်သည်။ အဘ ဦးကျားဘငြိမ်း နှင့် အမိ ဒေါ်ကြည်ကြည် တို့မှ ၁၉၄၆ ခု၊ မေ ၂၈ ရက်တွင် မွေးဖွား၏။ ဇာတိမှာ မန္တလေးမြို့ဖြစ်ပြီး မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ မန္တလေး သံတဲကျောင်းတွင် ပညာ စတင်သင်ကြားခဲ့သည်။ ထိုကျောင်းမှ ၁၉၄၆ တွင် အထက်တန်း အောင်ခဲ့သည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိပြီး ၁၉၆၇ ခုတွင် ဘီ၊စီအိုအယ်မ် (အေအေ) ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အာ၊ အေ၊ အာ၊ အိုင်၊ ဒီ၊ အယ်မ်၊ အေ ဒီပလိုမာ သင်တန်းများ တက်ရောက် အောင်မြင်ခဲ့သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ရသုံး မှန်းခြေ ငွေစာရင်း ဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူး ရာထူးထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။ ၁၉၆ဝ တွင် စုံထောက်မဂ္ဂဇင်း၌ ဘာသာပြန်ဝတ္ထုတို စတင်ရေးသားခြင်းဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၁ ခုက စတင်ထုတ်ဝေသော ပေဖူးလွှာမဂ္ဂဇင်းတွင် စာဖတ်သူများနှင့် တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍကို တာဝန်ယူခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် အခြားကလောင်ခွဲများဖြင့် ပေါ့ပ်ကဏ္ဍများ ရေးသားခဲ့သည်။ ရုပ်ရှင်အမြုတေ၊ စန္ဒာ၊ ရင်ခွင်သစ်၊ အရိန္ဒမာ၊ ရုပ်ရှင်၊ ရွှေစည်းစိမ် မဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ မှစတင်ပြီး ရွှေအမြု‌တေ ရုပ်စုံမဂ္ဂဇင်းကို စီစဉ်တည်းဖြတ်ထုတ်ဝေခဲ့သည်။ ရွှေအမြုတေ ဝတ္ထုတိုတစ်ခေတ်နှင့် မျိုးဆက်သစ်စာရေးဆရာများကို မွေးထုတ်ပေးသော ရွှေအသစ်ကဏ္ဍတို့သည် အထူးထင်ရှားသည်။ ၂၀၀၆ ခုနှစ်၊ မေလ၊ (၂၈) ရက်၊ အသက် (၆၀) နှစ်ပြည့် မွေးနေ့မှ စတင်ပြီး နှစ်တစ်နှစ်၏ ဇွန်လမှ နောက်နှစ် မေလအတွင်း ထုတ်ဝေခဲ့သော မြန်မာမဂ္ဂဇင်းများမှ စာမူများကို ဆုချီးမြှင့်သည့် "ရွှေအမြုတေ စာပေဆု" ကို တီထွင်ချီးမြှင့်ခဲ့သည်။ ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းအနုပညာဂျာနယ်၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတို့ကို စီစဉ်တည်းဖြတ်သူအဖြစ်ဆောင်ရွက်ခဲ့ပြီး ဘာသာပြန်စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ယခုအခါ ရွှေအမြုတေမဂ္ဂဇင်း ကို စီစဉ်တည်းဖြတ်ရင်း စာပေများ ဆက်လက် ရေးသားနေသည်။အခြား ကလောင်ခွဲများမှာ ဇာနည်ငြိမ်း၊ မိုးကျော်ထွန်း၊ ဘို၊ ဝင်းကိုကို တို့ဖြစ်ကြသည်။

0 Reviews