BOOK DETAILS

လူနှင့်သူတို့၏ဟာသများ

Language : မြန်မာ
Publisher :  စိတ်ကူးချိုချို
Year :  2021
File Info :  

epub, kfx


စာရေးဆရာနီကိုရဲ၏ ၀တ္ထတိုပေါင်းချုပ်ကို စုစည်းစီစဉ်ရာတွင် သူ၏ရေးဟန်အများစုအတိုင်း “လူနှင့်သူတို့၏ဟာသများ” အမည်ကသာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။ ယခုစာအုပ်တွင် ထွက်ရှိပြီး ဖြစ်သည့် “အလွဲပေါင်းချုပ်” နှင့် “မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ်များ” စာအုပ်တို့ထဲတွင် မပါဝင်သေးသော ၀တ္ထုတိုလုံးချင်းများအပြင် မဂ္ဂဇင်းများတွင် ပါဝင်ပြီး လုံးချင်းများတွင်မပါဝင်ခဲ့သေးသော ၀တ္ထုတို့ကိုပါ လက်လှမ်းမီသမျှ စုစည်းယူပါသည်။ အချို့လည်းကျန်နေနိုင်ပါသေးသည်။

– ပြောရန်ရှိသည်မှာ “လူနှင့်သူတို့၏ ဟာသများ” ဟု အမည် ပေးခဲ့သော်ငြား ၁၉၉၀ ပြည့်နှစ်လွန် သရဖူ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော သူ၏ အစောပိုင်းလက်ရာ”စွန့်ခွာခြင်း” လို အရေးအသားမူကွဲ၊ ခံစားမှု၀တ္ထုမျိုးလည်း ပါဝင်နေသလို မရယ်ရသော ၀တ္ထုတိုတစ်ပုဒ်စ၊ နှစ်ပုဒ်စလည်းပါဝင်နေနိုင်ပါသည်။ ဤအတွက်မူ သူ၏စာဖတ်ပရိသတ်အပေါ် အနှောင့်အယှက်မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ယခုစာအုပ်ကို မူလက ဩဂုတ်လ တစ်လလတွင် ထုတ်ဝေရန်ရည်မှန်းခဲ့သဖြင့် ထူးအိမ်သင် ကွယ်လွန်စဉ်က သူရေးခဲ့သည့် “ကျွန်တော်ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း” စာမူကိုလည်း သီးခြားကျန်မနေစေလိုသဖြင့် ထူးအိမ်သင်ကွယ်လွန်ခြင်း အမှတ်တရအဖြစ်ပါ ပြန်လည်ထည့်သွင်းဖော်ပြထားရာ ယခုစာအုပ်အဆုံးတွင် ပါဝင်နေပါကြောင်း…… – (စီစဉ်သူအမှာစာမှကောက်နှုတ်ချက်)

About Author

နီကိုရဲ
6 Books

စာရေးဆရာ နီကိုရဲ [၁၉၆၆-၂၀၀၉] ရေးသားခဲ့သည့် ဟာသနှောသော လူ့ဘဝ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (ဝတ္ထုတိုစု)၊ ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ သကြားနဲ့အသူရာ၊ စိတ်အိုင်ပက်သူ၊ မကြည်ပြာ၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ဝတ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ဝတ္ထုများဖြစ်သည်။ သူ၏ ဝတ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။ သည်။ ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျွန်တော်နှင့် ချစ်ခြင်းနဂ္ဂတစ်များ၊ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော် စာရေးဆရာ တစ်ဦးဖြစ်လာခဲ့သည်။ ပထမဆုံး လုံးချင်းဝတ္တုကို "တောင်ပံမပါတဲ့ ပန်းအကြောင်း"အမည်ဖြင့် ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ [၁]ပင်နီစာအုပ်တိုက်မှ ထုတ်ဝေသည့် ချစ်ခြင်း၏ နဂ္ဂတစ်များ လုံးချင်းဝတ္တုဖြင့် အရောင်းရဆုံး စာရင်းဝင်ဖြစ်ခဲ့သည်။ ထိုဝတ္တုကို "ကြည်ပြာရောင်နဂ္ဂတစ်များ"အမည်ဖြင့် လွင်မိုး၊ထွန်းအိန္ဒြာဗိုတို့နှင့် ဇာတ်ကားရိုက်ကူးခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုဝတ္တုကို "ငါတို့စာပေ"မှ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။

လုံးချင်းဝတ္တု (၃၀)အုပ်ကျော် ရေးသားထုတ်ဝေခဲ့သည်။ ရုပ်ရှင်၊ ဗီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၁၀၀)ကျော် ရေးသားခဲ့သည်။ ဗီဒီယိုဇာတ်ကားများကိုလည်း ကိုယ်တိုင် ရိုက်ကူးခဲ့သူဖြစ်သည်။ အိုက်ဒီယာ မဂ္ဂဇင်း စတင်တည်ထောင်သော အယ်ဒီတာအဖွဲ့ဝင် တစ်ဦး အပါအဝင်ဖြစ်သည်။

ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်သရုပ်ဆောင် ဒွေးနှင့် ထက်ထက်မိုးဦးတို့ ပါဝင်သရုပ်ဆောင်သော သစ်ခက်ငါး ဇာတ်ကားကို ရိုက်ကူးခဲ့သည်။

စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄ဝ နီးပါး ရိုက်ကူးခဲ့သည်။

0 Reviews