BOOK DETAILS

သေသော်မှတည့် သြော် ကောင်း၏

Language : မြန်မာ
File Info :  

epub, kfx


ကုန်းဘောင်ခေတ် နေဝင်ချိန်၌ အင်္ဂလိပ် တို့ကို သူ့ကျွန်မခံ စိတ်ဓာတ်ဖြင့် တော်လှန်တိုက်ခိုက် အသက်ပေးခဲ့ကြသည့် မြန်မာ့ အာဇာနည် သူရဲကောင်းများ အကြောင်းကို နောက်ခံပြု၍ ရေးဖွဲ့ထားသော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ ရန်ကုန်ဘဆွေကို လူသိများစေခဲ့သော နာမည်ကြီး ဝတ္ထုရှည် လည်းဖြစ်သည်။

About Author

ရန်ကုန်ဘဆွေ
2 Books

ရန်ကုန်ဘဆွေသည် ငယ်စဉ်က ကျောင်းမနေခဲ့ရဘဲ အစ်ကိုဖြစ်သူက အိမ်တွင် စာသင်ပေးသည်။ သူက စာတွင် စိတ်မဝင်စား၊ အရုပ် ဆွဲသည်။ ထို့နောက် သူ့ကိုယ်သူ ကျောင်းအပ်ကာ ပိဋကတ်ကျမ်းစာများကို သင်အံလေ့ကျက်သည်။

အသက် ၁၄ နှစ် အရွယ်တွင် အသိအကျွမ်း မရှိသော ရန်ကုန်မြို့သို့ ထွက်ပြေးသည်။ ကြော်ငြာ ဒီဇိုင်း၊ ရုပ်ရှင် ဆလိုက်၊ အထည် ဒီဇိုင်းတို့ ရေးဆွဲ၍ အသက်မွေးဝမ်းကျောင်း ပြုသည်။ ၁၉၃၃-၃၄ ခုနှစ်တွင် သက်စောင့် မဂ္ဂဇင်းတွင် 'လှမောင်' အမည်ဖြင့် ဝတ္ထုတိုများကို ရေးသားခဲ့သည်။ 'ဝါးခယ်မလှမောင်' အမည်ဖြင့် နဂါးနီ ဂျာနယ်တွင် ဝတ္ထုတိုများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ကလောင်အမည် အမျိုးမျိုးကို အသုံးပြုသည်။ ၁၉၄၁ ခုနှစ်တွင် နဂါးနီဂျာနယ်၌ ဘဆွေ အမည်တူ နှစ်ဦး ဖြစ်နေသဖြင့် ၎င်းက ရန်ကုန်ဘဆွေဟု အမည်ယူခဲ့သည်။

0 Reviews