BOOK DETAILS

အသွင်သဏ္ဌာန်တို့၏နောက်ကွယ်၌

Language : မြန်မာ
File Info :  epub, kfx, azw3

About Author

နန္ဒာသိန်းဇံ
5 Books

နန္ဒာသိန်းဇံ (၁၉၄၈ - ၂၀၁၁) သည် ဒဿနိကဗေဒ ပါမောက္ခ တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထင်ရှားသော စာရေးဆရာလည်း ဖြစ်ခဲ့သည်။ ၁၉၆၃ - သိန်းဇံ ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် မှတ်ဉာဏ်နှင့် အတွေးအခေါ် (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘဝ)ကို စတင်ရေးခဲ့သည်။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် နန္ဒသိန်းဇံအမည်သို့ ပြောင်းလဲရေးသားခဲ့သည်။ ကလောင်ခွဲများမှာ "စိတ်ခိုင်" နှင့် "လွမ်းဝေ" တို့ဖြစ်သည်။ ၂၀၀၄ - ဇန်နဝါရီလ (၄)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ နိုင်ငံတော်မှ ချီးမြှင်သည့် သာသနပြုဆိုင်ရာ ဘွဲ့တဆိပ်ဖြစ်ပြီး "ကြီးကျယ်မြင့်မြတ်၍ သာသနာကို ထွန်းလင်းတောက်ပစေသည့် အောင်လံတော်ကို လွှင်ထူနိုင်သူ" ဟုအဓိပ္ပါယ်ရသည်။ ဓမ္မဗိမ္မာန်မှ ချီးမြှင့်သော တစ်သက်တာဓမ္မစာပေဆု ရရှိခဲ့သည်။

၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်၊ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ၊ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ၊ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့သည်။ ဆရာသည် ၂၀၀၅ ခုနှစ်တွင် ဒဿနိကဗေဒဆိုင်ရာ ပါရဂူဘွဲ့ကျမ်းကို "The Nature of Pure Fact in Satpatthaha Vipassana" ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်သို့ တင်သွင်းပြီး ပါရဂူဘွဲ့ အပ်နှင်းခြင်းခံရသည်။

၂၀၀၉ - ဆရာဝန်တင်ရွှေ စာပေဆုကို "နောင်တကင်းရာသို့"အမည်ရှိ စာအုပ်ဖြင့် ရရှိခဲ့သည်။

0 Reviews