BOOK DETAILS

ပုဂံခရီးသည်

Language : မြန်မာ
File Info :  epub

ပုဂံသို့ ဆရာပါရဂူကိုယ်တိုင်သွားရောက်စဉ် လေ့လာတွေ့ရှိချက်များကို မှတ်တမ်း တင်ထားသော စာအုပ်ဖြစ်သည်။ ငှက်ပစ်တောင်၊ ကျောက်ဂူဥမင်၊ ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အာနန္ဒာ၊ ရွှေဂူကြီး၊ သဗ္ဗညု၊ ဗူးဘုရား၊ မဟာဗောဓိ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ မြစေတီ၊ မြင်းကပါဂူ ပြောက်ကြီး၊ မနူဟာ၊ လောကနန္ဒာ၊ သမ္ဘူလ၊ တန့်ကြည်တောင်အပါအဝင် ပုဂံ၏ အထင်ကရ ၃၆ နေရာအကြောင်း စာအုပ်တွင် ပါရှိသည်။ ထိုနေရာများသို့ ဆရာပါရဂူရောက်စဉ် မျက်မြင်ကိုယ်တွေ့ တွေ့ရှိချက်များ၊ သမိုင်းကျမ်းများလာ နောက်ခံသမိုင်းကြောင်း၊ ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဇာတ်လမ်း များ၊ တန်ဖိုးမဖြတ်နိုင်သည့် အနုပညာလက်ရာများအကြောင်းကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်ကို တွေ့ရသည်။ ဆရာပါရဂူက ဤစာအုပ်ရေးသားရခြင်းသည် ပြည်သူတို့အား ပု ဂံစေတီများထံ ခေါ်ယူသွားလိုခြင်း သက်သက်မျှသာဖြစ်သည်ဟု အမှာစာတွင် ရေးသားထားသည်။

About Author

ပါရဂူ
5 Books

အမည်ရင်း ဦးလှကြိုင်ဖြစ်ပြီးဇာတိမှာ ဟင်္သာတခရိုင် သနွံသနော့ရွာဖြစ်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး စစ်အပြီးတွင် ဟိန္ဒူတက္ကသိုလ်၌ ပညာသင်သည်။ စစ်မဖြစ်မီကာလကစ၍ တိုးတက်ရေးနှင့် ဒဂုန်မဂ္ဂဇင်း တွင် စာရေးသည်။ ၁၉၅၆ ခုနှစ် အိန္ဒိယပြည် နယူးဒေလီမြို့၊ အာရှစာရေးဆရာများညီလာခံ အတွင်းရေးမှူးများအဖွဲ့၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်၊ မြန်မာပြည် တဂိုးအသင်း၏ အမှုဆောင်၊ မြန်မာပြည် ဟိန္ဒူစာပေအသင်း၏ ဒုဥက္ကဋ္ဌ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်များ၏ အရှေ့တိုင်းစာပေတွင် လူကြီးတာဝန်များ ထမ်းဆောင်ခဲ့သည်။

0 Reviews